အီရတ် ရှေးဟောင်းမြို့အိုင်အက်စ် ဖျက်ဆီး

အီရတ်နိုင်ငံမြောက်ပိုင်းက ရှေးဟောင်းနဲ့ ယဉ်ကျေးမှု အမွေအနှစ်တွေ ရှိတဲ့ အာစီရီယန်မြို့တော် နင်ရုကို အစ္စလာမ္မစ် (အိုင်အက်စ်) အဖွဲ့တွေက မြေကော်စက်တွေနဲ့ စပြီး ဖျက်ဆီးနေတယ်လို့ အီရတ် အစိုးရက ပြောပါတယ်။ မြို့မှာရှိတဲ့ ရှေးဟောင်းသမိုင်းဝင် ပစ္စည်းတွေနဲ့ ရုပ်ထုတွေကိုလည်း အိုင်အက်စ်အဖွဲ့က ဖျက်ဆီးနေတယ်လို့ ရိုက်တာ သတင်းက ရေးပါတယ်။ ဒီလို ဖျက်ဆီးလိုက်တဲ့ အတွက် ရှေးဟောင်းသုတေသနပညာရှင်တွေ သမိုင်း ပညာရှင်တွေနဲ့ အီရတ်အာဏာပိုင်တွေ အမျက်ဒေါသထွက်နေကြပါတယ်။ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး ဂျွန်ကယ်ရီက အခုလို ဖျက်ဆီးတဲ့အပေါ် စိတ်အနှောင့်အယှက် ဖြစ်ရ တယ်လို့ ပြောပါတယ်။ အိုင်အက်စ်တွေ သိမ်းပိုက်ထားတဲ့ မွန်ဆိုးလ်မြို့ အရှေ့တောင်ဖက်မှာ ရှိတဲ့ နင်ရုကို ဘီစီ ၁၂၅၀ လောက်မှာ တည်ဆောက်ခဲ့တာ ဖြစ်ပါတယ်။ ရာစုနှစ် ၄ ခုအကြာမှာတော့ ကမ္ဘာမှာ အင်အားအတောင့်ဆုံး အာစီရီယန် အင်ပါယာ သစ်ရဲ့ မြို့တော် ဖြစ်လာတာ ဖြစ်ပါတယ်။ အာစီရီယန်ခေတ်က ရှေးဟောင်းအမွေအနှစ်အများစုကိုတော့ ဘဂ္ဂဒက်မြို့တော်နဲ့ တခြားနိုင်ငံတွေကို ရွှေ့ပြောင်း ထားပြီး ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ တပတ်ကလည်း မွန်ဆိုလ်းမြို့မှာရှိတဲ့ ရှေးဟောင်းအမွေအနှစ်ပြတိုက်တခုကို ဖျက်ဆီးခဲ့တဲ့ ဗွီဒီယို ရုပ်သံ တခု ထွက်ပေါ်လာပါတယ်။ [gallery ids="84540,84541,84542,84543"]

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up