Live
Home
မြန်မာသတင်း
မြို့တော်ခန်းမရှေ့ အကြမ်းဖက်ဖမ်းဆီးခံရသူ ၈ ဦး ပြန်လည်လွတ်မြောက်
DVB
·
March 6, 2015
ရန်ကုန်မြို့တော်ခန်းမရှေ့မှာ စွမ်းအားရှင်နဲ့ ရဲတပ်ဖွဲ့တွေရဲ့ အကြမ်းဖက်ဖြိုခွင်း ရိုက်နှက် ဖမ်းဆီးထိန်းသိမ်းခံရသူ ၈ ဦး ဒီကနေ့မနက်က ပြန်လည်လွတ်မြောက်လာပါတယ်။ ပြန်လွတ်လာသူတွေထဲမှာ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်းက ဒေါ်နီလာသိန်း၊ ဒေါ်နုနုအောင်နဲ့ ဦးမျိုးသန့်တို့ ၃ ဦးနဲ့ ကျောင်းသား ၅ ဦး ပါဝင်ပါတယ်။ ပြန်လွတ်လာတဲ့ ဒဂုံတက္ကသိုလ် ကျောင်းသား ကိုဖိုးသားက “ဖမ်းဆီးခံရတော့ ကျနော်တို့ကို ဒိုင်နာကားနဲ့ခေါ်သွားတယ်။ ဘယ်ခေါ်လို့ခေါ်သွားမှန်းလည်းမသိဘူး။ နောက်ဆုံးတော့ ရန်ကင်းက ဆည်မြောင်ဝန်ကြီးဌာန ရုံးဟောင်းကို ရောက်သွားတယ်။ အဲဒီမှာ ကိုယ်ရေးမှတ်တမ်းတွေယူတယ်။ ည ၁၀ နာရီလောက်ထိ စစ်ကြောရေးလုပ်တယ်။ ရိုက်တာနှက်တာတော့မရှိဘူး။ မေးတာပဲရှိတယ်။ မနက်  ၆ နာရီခွဲလောက်မှာ ပြန်လွှတ်ပေးတယ်။ ပုဒ်မ ၁၈ နဲ့ တော့ စွဲထားတယ်ပြောတယ်။ ခံဝန်နဲ့တော့ မဟုတ်ဘူး။ ဒီအတိုင်းပြန်လွှတ်လိုက်တယ်၊ ဒါပေမယ့် တရားရုံးတွေဘာတွေ သွားရမယ်၊ လိုအပ်ရင် ပြန်ခေါ်မယ် လိုအပ်ရင်သွားရမယ်ပြောတယ်။’ [caption id="attachment_84423" align="aligncenter" width="597"]11044597_857521417619693_1990773232030969436_n လက်ပတ်နီဝတ်ထားသူတွေရဲ့ ဖမ်းဆီးခေါ်ဆောင်ခံခဲ့ရတဲ့ ကျောင်းသူ (ယာ) - ဓာတ်ပုံ အောင်အောင်ကျော်[/caption] ဒီမိုကရေစီပညာရေး ပင်မ သပိတ်စစ်ကြောင်းကကျောင်းသားတွေ လက်ပံတန်းမှာ တားဆီးပိတ်ဆို့ခံထားရမှုကို  ကန့်ကွက်တဲ့ အနေနဲ့  မြို့တော်ခန်းမရှေ့မှာ ဆန္ဒပြနေစဉ် မနေ့ညနေက ရဲတပ်ဖွဲ့က လက်ပတ်အနီရောင်တပ်ထားတဲ့ အရပ်ဝတ်လူတစ်စုကို အသုံးပြုပြီး ရဲတပ်ဖွဲ့ဝင်တွေက  ဖြိုခွင်းဖမ်းဆီးလိုက်တာဖြစ်ပါတယ်။ အကြမ်းဖက် ဖမ်းဆီးခံခဲ့ရသူ ၈ ဦးဟာ ဒီနေ့ မနက် ၁၁ နာရီ ၈၈ မျိုးဆက် (ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း) ရုံးခန်းမှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ဖို့ အစီအစဉ်ရှိပါတယ်။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024