အမေရိကန်တွင် ဒယ်တာလေယာဉ်တစီး ပြေးလမ်းချော်

အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့က လဂါဒီယာလေဆိပ်မှာ မတ် ၅ ရက်နေ့က ဆီးနှင်းထူထပ်မှုကြောင့် ခရီးသည်တင်လေယာဉ်တစီး အဆင်းမှာ ပြေးလမ်းချော်ခဲ့ပါတယ်။ ဒေသစံတော်ချိန်နံနက် ၁၁ နာရီမှာ ဖြစ်ပွားခဲ့ပြီး ခရီးသည်တွေ ပြင်းပြင်းထန်ထန် ထိခိုက်ဒဏ်ရာရရှိမှုတော့ မရှိဘူးလို့ ဒယ်တာ (delta) လေကြောင်းလိုင်းက အတည်ပြုပြောဆိုပါတယ်။ လေယာဉ်ပြေးလမ်းချော်ဖြစ်ပွားခဲ့ပြီး လေဆိပ်ကိုလည်း ခဏပိတ်ထားခဲ့ရတယ်လို့ အမေရိကန်လေကြောင်းအာဏာပိုင်အဖွဲ့က ပြောဆိုပါတယ်။ နယူးယောက်မြို့မှာ မတ်လ ၅ ရက်နေ့ မနက်ပိုင်းကတည်းက ဆီးနှင်းတွေ ထူထူထပ်ထပ်ကျရောက်နေတာပါ။ လေယာဉ်ဟာ ခရီသည် ၁၂၅ ဦး၊ လေယာဉ်အမှုထမ်း ၅ ဦးနဲ့ ဂျော်ဂျီယာပြည်နယ်၊ အက်တလန်တာမြို့က ထွက်ခွာလာခဲ့တာလို့ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up