နာမည်ကြီး ရာဇ၀တ်ဂိုဏ်းခေါင်းဆောင်ကို မက္ကဆီကိုလုံခြုံရေးတပ် ဖမ်းမိ

မက္ကဆီကို လုံခြုံရေးတပ်တွေက လူသတ်ရာဇဝတ်ဂိုဏ်း ဇီးတပ်စ်ရဲ့ ခေါင်းဆောင်တယောက်ကို ပြီးခဲ့တဲ့ မတ် ၄ ရက်နေ့က ဖမ်းဆီးလိုက်နိုင်ပါတယ်။ ၁ ပတ်အတွင်း ဒုတိယမြောက် ဖမ်းမိမှုက ဂိုဏ်းရဲ့ မရှိမဖြစ် ခေါင်းဆောင်ကို ဖမ်းခဲ့တာပါ။ ရာဇဝတ်ဂိုဏ်းတွေကို နှိမ်နင်းရေး သမ္မတ အန်ဒရေး ပေနာ နေတိုးရဲ့ အားထုတ်ချက်တွေ မြှင့် တင်မှုလည်း ဖြစ်ပါတယ်။ ဖမ်းမိပြီးသား ဇီးတပ်စ်ဂိုဏ်းခေါင်းဆောင်ဟောင်းရဲ့ ညီအစ်ကိုဖြစ်သူ အိုမာ ထရီဗီနိုကို မက္ကဆီကိုစစ်သားတွေနဲ့ ပြည်ထောင်စုရဲတွေက မြောက်ပိုင်းမြို့ မွန်တယ်ရီကနေ ဒေသစံတော်ချိန် မနက် ၄ နာရီလောက်မှာ ဖမ်းမိတာလို့ အကြီးတန်း အစိုးရအရာရှိတယောက်က ပြောပါတယ်။ ထရီဗီနိုနဲ့ ဇီးတပ်စ်ဂိုဏ်းဟာ သွေးစွန်းတဲ့ ရက်စက်သတ်ဖြတ်မှု အများအပြားအတွက် တာဝန်ရှိတယ်လို့ ပြစ်တင်ခံထားရပါတယ်။ ဒါဇင်နဲ့ ချီတဲ့ ရွှေ့ပြောင်းလုပ်သားတွေကို အစုလိုက်သတ်ဖြတ်မှု၊ ၂၀၁၁ ခုနှစ် မွန်တယ်ရီ လောင်းကစားရုံကို ပစ်ခတ်တိုက်ခိုက်မှုနဲ့ ၂၀၁၂ ခုနှစ်မှာ အဲဒီမြို့မှာပဲ ခေါင်းဖြတ်ထားတဲ့ အလောင်း ၄၉ လောင်းကို စုပြုံစွန့်ပစ်မှုတွေ ပါဝင်ပါတယ်။ ဇီးတပ်စ်ဂိုဏ်းဟာ ခေါင်းဆောင်ဟောင်း ဟေရစ်ဘာတို လဇ်ကာနို ၂၀၁၂ ခုနှစ်မှာ အသတ်ခံရအပြီး ၂၀၁၃ ခုနှစ်မှာ ထရီဗီနို အဖမ်းခံပြီးတဲ့နောက် အားနည်းခဲ့ပါတယ်။ မက္ကဆီကိုဂိုဏ်းတွေရဲ့ အကြမ်းဖက်မှုတွေကြောင့် ၂၀၀၇ ခုနှစ်ကနေ ဒီနေ့အထိ လူအယောက် ၁ သိန်းကျော် သေဆုံးခဲ့ပါတယ်။ ဓာတ်ပုံ - ရိုက်တာ [gallery ids="84316,84317,84318"]

More News
Up