ကမ္ဘာ့အသက်အရှည်ဆုံး အမျိုးသမီးမွေးနေ့ ကျင်းပ

တရားဝင်အသိအမှတ်ပြု ကမ္ဘာ့အသက်အရှည်ဆုံး အမျိုးသမီး မိဆာအို အိုကာဝါရဲ့ ၁၁၇ နှစ်မြောက် မွေးနေ့ကို မတ် ၄ ရက်နေ့က ဂျပန်နိုင်ငံအနောက်ပိုင်း အိုဆာကာမြို့မှာ ကျင်းပပါတယ်။ ၂၀၁၃ ခုနှစ်က ဂျပန်နိုင်ငံသား ဂျိရိုမွန် ကိမူရ သေဆုံးအပြီး ကမ္ဘာ့အသက်အရှည်ဆုံး လူအဖြစ် ဂင်းနစ် ကမ္ဘာ့စံချိန်အဖွဲ့က တရားဝင် အသိအမှတ်ပြုခဲ့တာ ဖြစ်ပါတယ်။ မတ် ၄ ရက်နေ့က အိုကာဝါရဲ့ အသက် ၉၂ နှစ်အရွယ် သားနဲ့ အသက် ၂ နှစ်အရွယ် မြစ်တို့နဲ့ အတူ ဒေသခံမီဒီယာပေါ်မှာ တွေ့ရပါတယ်။ Japan Worlds Oldest Personသူ့မွေးနေ့ကို ဘာလို့ ၁ ရက်စော ကျင်းပရသလဲ ဆိုတာကို ဒေသခံမီဒီယာက ရှင်းမပြခဲ့ပါဘူး။ သူ့ရဲ့ သက်ကြီးနိုင်ငံသားဂေဟာ တည်ရှိရာ မြို့တော်ဝန်က ပန်းတွေနဲ့အတူ ပျော်ရွှင်တဲ့ မွေးနေ့ ဖြစ်ဖို့ ဆုတောင်းပေးခဲ့ပါတယ်။ အသက်ရှည်ရတဲ့ လျှို့ဝှက်ချက်ကို မေးရာမှာတော့ အကြောင်းပြချက် မပေးခဲ့ပါဘူး။ ဘာလို့မှန်း မသိဘူးလို့ ဖြေခဲ့ပါတယ်။  အရင်နှစ်တွေကတော့ ကောင်းကောင်း အိပ်လို့ စားလို့ ဖြစ်ကြောင်း ပြန်ဖြေခဲ့ဖူးတာပါ။ ၁၈၉၈ ခုနှစ်က အထည်အလိပ် ကုန်သည်မိဘတွေက မွေးလာတဲ့ အိုကာဝါဟာ ၁၉၁၉ ခုနှစ်မှာ လက်ထပ်ခဲ့ပြီး သားသမီး ၃ ယောက် မြေး ၄ ယောက်နဲ့ မြစ် ၆ ယောက် ထွန်းကားခဲ့ပါတယ်။ သူ့ဘဝမှာ အကြီးစား မကျန်းမာမှု မဖြစ်ခဲ့ဖူးဘူးလို့ ဂျပန်မီဒီယာက အစီရင်ခံပါတယ်။ လဲကျမှာ စိုးရိမ်လို့သာ လက်တွန်းလှည်းနဲ့ သွားလာတာလို့ ဆိုပါတယ်။ ဂျပန်နိုင်ငံမှာ အသက်ရာကျော် ရှည်သူ အယောက် ၅ သောင်း ၈ ထောင်ကျော် ရှိပါတယ်။ ၂၀၁၄ စက်တင်ဘာက ထုတ်ပြန်တဲ့ အစိုးရမီဒီယာရဲ့ အဆိုအရ အသက်ရာကျော်သူ ဦးရေဟာ မနှစ်ကထက် အယောက် ၄၄၀၀ ပိုများလာပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up