ဧရာဝတီသပိတ်စစ်ကြောင်း ထိုင်သပိတ်ပြုလုပ်မည်
DVB
·
March 5, 2015
အမျိုးသားပညာရေးဥပဒေ ပြင်ဆင်ရေး ဧရာဝတီသပိတ်စစ်ကြောင်းဟာ ဒီနေ့ ထိုင်သပိတ်ပြုလုပ်သွားမယ်လို့ ကျောင်းသားတွေက ပြောပါတယ်။
လက်ပံတန်းမှာ ပိတ်မိနေတဲ့ ပင်မသပိတ်စစ်ကြောင်းကို အကြမ်းဖက်မှုတွေ မပြုလုပ်ဖို့အတွက် ရည်ရွယ်ပြီး အခုလို ထိုင်သပိတ်ပြုလုပ်တာလို့ ဧရာဝတီသပိတ်စစ်ကြောင်း ဦးဆောင်ကော်မတီက ပြောပါတယ်။
ထိုင်သပိတ်လုပ်မယ်ဆိုရင် ပုဒ်မ ၁၈ နဲ့ အရေးယူနိုင်ကြောင်း ပုသိမ်မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးက ရဲမှူး ဦးကျော်စိုးက ကျောင်းသားတွေကို လာရောက်သတိပေးခဲ့တယ်လို့ ဆိုပါတယ်။
လက်ရှိ ပဲခူးတိုင်း လက်ပံတန်းမှာ ဒီမိုကရေစီ ပညာရေး ပင်မသပိတ်စစ်ကြောင်းဟာ ရဲလုံခြုံရေးတပ်ဖွဲ့တွေရဲ့ ပိတ်ဆို့တားဆီးခံနေရတာ ဖြစ်ပါတယ်။
ဒီလိုပိတ်ဆို့ခံနေရလို့ ပညာရေးဥပဒေပြင်ဆင်ရေးဆိုင်ရာ ဒီနေ့ ပြုလုပ်မယ့် အမျိုးသားလွှတ်တော်ကြားနားပွဲကို ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်က ကျောင်းသား ကိုယ်စားလှယ် ၈ ဦး တက်ရောက်နိုင်မှာမဟုတ်ဘူးလို့ ဗကသ က ပြောကြားထားပါတယ်။
ဓာတ်ပုံ - ဧရာဝတီသပိတ်စစ်ကြောင်း
[gallery ids="84257,84258,84259,84260"]