ၾသစေၾတးလ် ၂ ဦးကို မူးယစ်မှုဖြင့် အင်ဒိုနီးရှားက သေဒဏ်ပေးတော့မည်

အင်ဒိုနီးရှားအာဏာပိုင်တွေဟာ သြစတြေးလျ မူးယစ်ကုန်သည် ၂ ယောက်ကို သေဒဏ်ပေးဖို့အတွက် ဂျားဗားအလယ်ပိုင်းက  နုဆာကန်ဘန်ဂန်(Nusakambangan) အကျဉ်းထောင်ဆီကို လုံခြုံရေးအစောင့်အရှောက်တွေနဲ့ ပို့ပါတယ်။ တရားခံတွေကို ညှာတာဖို့ သြစတြေးလျ အစိုးရက မေတ္တာရပ်ခံထားပေမယ့် အင်ဒိုနီးရှား အစိုးရကတော့ တရားဥပဒေအတိုင်းဘဲ စီရင်ဖို့ ဆုံးဖြတ်ထားတာပါ၊ သေဒဏ်ကိစ္စဟာ နှစ်နိုင်ငံကြားက ဆက်ဆံရေးမှာ မျက်နှာပျက်စရာ ဖြစ်နေပါတယ်။ အသက် ၃၃ နှစ်နဲ့ ၃၁ နှစ်အရွယ်ရှိ သြစတြေးလျနိုင်ငံသား ၂ ယောက်ဟာ သေနတ်နဲ့ ပစ်သတ် အပြစ်ပေးမယ့် တရားခံ ၁၁ ယောက်ထဲမှာ ပါဝင်ပါတယ်။ Australian Andrew Chan and Myuran Sukumaran wait in a temporary cell for their appeal hearing in Denpasar District Court in Indonesia's resort island of Baliသူတို့ နှစ်ယောက်ကို အဆုံးစီရင်မယ့် ရက်ကိုတော့ အတိအကျ မသိရသေးပါဘူး။ ဇန်န၀ါရီလအတွင်းမှာ နယ်သာလန်၊ ဘရာဇီး၊ မာလာဝီ၊ နိုင်ဂျီးရီးယားနဲ့ ဗီယက်နမ်တို့က အကျဉ်းသား တွေကို သေဒဏ်ပေး ကွပ်မျက်ထားပါတယ်။ Australian death row prisoner Myuran Sukumaran is escorted by police while attending a review hearing in the District Court of Denpasar in Baliသေဒဏ်ပေးထိုက်သူတွေကို သေဒဏ်ပေးတာဟာ အင်ဒိုနီးရှားရဲ့ အချုပ်အခြာ အာဏာ ကိစ္စ ဖြစ်ပြီး နိုင်ငံတကာအစိုးရတွေ ၀င်မစွက်ကြဖို့ သမ္မတ ဂျိုကိုဝီက သတိပေးထားပါတယ်။ အင်ဒိုနီးရှားဟာ မူးယစ်ဆေးဝါကုန်ကူးသူတွေကို ပြင်းပြင်းထန်ထန် အပြစ်ပေးတဲ့ နေရာ ဖြစ်ပြီး ၅ နှစ်ကြာ ဆိုင်းငံ့ထားတာကို  ၂၀၁၃ ခုနှစ်က ပြန်စခဲ့တာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up