ဒီမာရီယာ မန်ယူတွင် အခြေတကျဖြစ်ရန် အချိန်ယူရမည်ဟု နည်းပြပြော

တောင်ပံ ကစားသမား အန်ဂျဲ ဒီ မာရီယာအနေနဲ့ မန်ယူအသင်းမှာ အခြေတကျ ဖြစ်ဖို့ အတွက် အချိန်ယူရလိမ့်မယ်လို့ နည်းပြ ဗန်ဂါးက ပြောဆိုလိုက်ပါတယ်။ ဒါပေမယ့် ဒီမာရီယာအနေနဲ့ မန်ယူမှာ မြန်မြန်အသားကျဖို့အတွက် အချိန်ဘယ်လောက်ယူရမလဲ ဆိုတာကတော့ မသိဘူးလို့ နည်းပြက ဆိုပါတယ်။ အာဂျင်တီးနား ကွင်းလယ်သမား ဒီမာရီယာဟာ မန်ယူကို ရောက်ကာစ ပွဲစဉ်တွေမှာ ခြေစွမ်းပြ နိုင်ပေမယ့် အခုနောက်ပိုင်းမှာ ခြေစွမ်း မပြနိုင်ဘဲ ရှိနေတာပါ။ အသက် ၂၇ နှစ်အရွယ် ကွင်းလယ်သမားဟာ ဆန်းဒါးလန်းကို ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရတဲ့ပွဲမှာ လူစားလဲခံခဲ့ရပါတယ်။ ကစားသမား အသစ်တွေအတွက် ပထမဆုံးရာသီဟာ အမြဲတမ်း ခက်ခဲတတ်တယ်လို့လည်း ဗန်ဂါးက ပြောပါတယ်။ ဒါ့အပြင် ဒီနှစ်ရာသီမှာ အသစ်ခေါ်ယူထားတဲ့ လု့ခ်ရှော၊ ဘလင်း၊ ဟာရဲရာနဲ့ ဖာကာအိုတို့ကိုလည်း အချိန်ပေးဖို့ လိုတယ်လို့ ဆိုပါတယ်။ မန်ယူက ဒီမာရီယာကို ဒီနှစ်ရာသီမှာ ပေါင်သန်း ၆၀ နီးပါးပေးပြီး ရီရဲလ်မက်ဒရစ်ကနေ ခေါ်ယူထားတာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up