ထိုင်းသူတောင်းစား မြေ ၁၀ ဧကကျော်နှင့် ဘတ်ငွေ ၁ သိန်းကျော် ပိုင်ဆိုင်

ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်းဒေသမှာ သူတောင်းစားနှိမ်နင်းရေးအဖွဲ့က   မြေ ၁၀ ဧကကျော်နဲ့ ဘတ်ငွေ ၁ သိန်းကျော် ပိုင်ဆိုင်တဲ့   သူတောင်းစားတဦးကို ဖမ်းဆီးရမိတယ်လို့  ထိုင်းရတ်သတင်းမှာ ဖော်ပြပါတယ်။ မုဒ်တာဟန်ခရိုင် ဒွန်းလုန်မြို့နယ် စည်ပင်သာယာရေးဌာနက သူတောင်းစား ပပျောက်ရေး စီမံချက်  အကောင်အထည်ဖော်တဲ့အနေနဲ့ လေလွင့်သူတွေနဲ့ သူတောင်းစား တွေကို လိုက်လံ ရှင်းလင်းနေတာမှာ  ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၇ ရက်နေ့က ဘတ်ငွေသိန်းချီရှိတဲ့  သူတောင်းစားတဦးကို ဖမ်းမိတယ်လို့ မြို့နယ်လူမှုကယ်ဆယ်စောင့်ရှောက်ရေးအဖွဲ့ တာဝန်ရှိသူက သတင်းထောက်တွေကို ပြောပါတယ်။ NjpUs24nCQKx5e1DIKUG9tEhLwwNu2csz1jIZMl5jeaအသက် ၃၉  အရွယ်ရှိ နိုင်းပရီဒါး ခမ်းမုန့်ခွန် လို့ခေါ်တဲ့ မွေးရာပါခြေထောက်မပါတဲ့  သူတောင်းစားကို တာဝန်ရှိသူတွေက ဖမ်းဆီးရမိရာကနေ ရင်ဘတ်ထဲမှာ ထည့်သိမ်းထားတဲ့ ငွေတွေ တွေ့ရှိတာ ဖြစ်ကြောင်း၊ လူမှုကယ်ဆယ်စောင့်ရှောက်ရေးဌာနက သူ့ဆွေမျိုးများကို ခေါ်ယူပြီး ကိုယ်ပေါ်မှာ သိမ်းထားတဲ့ငွေတွေ ၀ိုင်းဝန်းရေတွက်စေတာမှာ ဘတ် ၁ ထောင်တန် အများစုပါဝင်တဲ့ ငွေပေါင်း ၁၃၁၆၃၆ (၁ သိန်း ၃ သောင်းကျော်)ကို တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ နိုင်းပရီးဒါးပြောပြချက်အရ သူဟာ သနားစရာအသံပြုပြီး လူတွေထံမှ ငွေတောင်းခြင်းအားဖြင့် တနေ့ကို ၀င်ငွေ အနည်းဆုံး ဘတ် ၆၀၀ ကနေ ဘတ် ၁၅၀၀ ထိရရှိကြောင်း၊ ခိုလပ်ခရိုင်ဘက်မှ သွားရောက်တောင်းရမ်းစဉ်က ဘတ် ၄ သိန်းထိ စုမိ ဆောင်းမိခဲ့ပြီး လက်ရှိ ကြံခင်းနဲ့ ပီလောပီနံ စိုက်ခင်း ၁၀ ဧကကျော် ရှိကာ ညီနဲ့ ညီမ ၂ ယောက်ကို ပညာသင်စရိတ် ထောက်ပံ့နေတယ်လို့ ဆိုပါတယ်။ သူ့မှာ ဒုက္ခိတအစစ်ဖြစ်ကြောင်း ဆရာဝန်ရဲ့ ထောက်ခံစာနဲ့ တောင်းစားနေတာဖြစ်ပြီး ရလာတဲ့ငွေတွေ ဆွေမျိုးကို အပ်နှံထားဖူးပေမယ့် ဆွေမျိုးတွေက ယူသုံးပစ်လို့ ကိုယ်နဲ့မကွာ ထားရတာ ဖြစ်ကြောင်း၊ အစားအသောက်မှာတော့ ဘုန်းကြီးကျောင်းက စားကြွင်းစားကျန်ကိုပဲ စားတဲ့အတွက် ဒီလောက်များတဲ့ငွေတွေ စုဆောင်းနိုင်တာလို့ ထိုင်းရတ်သတင်းမှာ ဖော်ပြသွားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up