အီရန်နျူးကလီးယားအရေး ဆွေးနွေးရန် အစ္စရေးဝန်ကြီးချုပ် အမေရိကန် ထွက်ခွာ

အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုဟာ အီရန်ရဲ့ နျူးကလီးယားအရေး အမေရိကန်နိုင်ငံနဲ့ ဆွေးနွေးဖို့ ပြီးခဲ့တဲ့ မတ် ၁ ရက်နေ့က အစ္စရေးနိုင်ငံကနေ ထွက်ခွာသွားပါတယ်။ အမေရိကန်က ဦးဆောင်ဆွေးနွေးနေတဲ့ အီရန် နျူးကလီးယားဆွေးနွေးပွဲတွေဟာ အီရန် နျူးကလီးယားအစီအစဉ်ကို ထိန်းချုပ်ဖို့ ဘယ်လိုမှ မလုံလောက်ဘူးလို့ နေတန်ယာဟုက ဝေဖန် ပြောဆိုနေတာပါ။ နေတန်ယာဟုဟာ လာမယ့် မတ် ၃ ရက်နေ့မှာ ကွန်ဂရက်လွှတ်တော်မှာ မိန့်ခွန်းပြောဖို့ ရှိပြီး ပထမတော့ သူမိန့်ခွန်းပြောဖို့ကိစ္စဟာ အမေရိကန်သမ္မတအပါအ၀င် အစိုးရအဖွဲ့ကို အမျက်ထွက် စေခဲ့တာပါ။ နေတန်ယာဟုဟာ အစ္စရေးနိုင်ငံမှာလည်း လူထုထောက်ခံမှု ကျဆင်းနေပြီး အမေရိကန် သမ္မတနဲ့ ဆက်ဆံရေး အဆင်မပြေဖြစ်ရတဲ့အတွက် ပြစ်တင်ဝေဖန်ခံနေရပါတယ်။ ဘယ်သူ သဘောတူတူ၊ မတူတူ အစ္စရေးနိုင်ငံရဲ့ လုံခြုံရေးကို သူအထူးစိုးရိမ်ပြီး သူရဲ့ သက်တမ်းအတွင်း အစွမ်းကုန်ကာကွယ်သွားမယ်လို့ လေယာဉ်ပေါ်အတက်မှာ နေတန်ယာဟုက ပြောဆိုပါတယ်။ အခုလကုန်မှာ အီရန်နျူးကလီးယားအစီအစဉ် မူဘောင်ကန့်သတ်ချက်တွေ ထွက်ပေါ်နိုင်ဖို့ အမေရိကန်နဲ့ အင်အားကြီး ၆ နိုင်ငံက ကြိုးစားနေကြပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up