အီရတ်တပ်ဖွဲ့ စစ်မျက်နှာ ၃ ဖက်ဖြင့် အိုင်အက်စ်အဖွဲ့ကို ထိုးစစ်ဆင်

အီရတ် လုံခြုံရေးတပ်ဖွဲ့တွေဟာ နိုင်ငံမြောက်ပိုင်းမှာ အိုင်အက်စ်သူပုန်တွေ သိမ်းထားတဲ့ တီကရစ်မြို့ကို စစ်မျက်နှာ ၃ ဖက်ကနေ ထိုးစစ်ဆင်နေပါတယ်။ အစိုးရတပ်နဲ့ ပြည်သူစစ် အင်အား ၂၇၀၀၀ အသုံးပြုပြီး ဆာလာဟူဒင်ပြည်နယ် မြို့တော် တီကရစ်မြို့ကို ပြန်သိမ်းနိုင်ဖို့ ကြိုးစားနေပါတယ်။ တီကရစ်မြို့ဟာ အီရတ် အာဏာရှင်ဟောင်း ဆက်ဒမ်ဟူစိန်ရဲ့ ဇာတိမြေ ဖြစ်ပြီး ဆွန်နီ မွတ်စလင်တွေ လွှမ်းမိုးပါတယ်။ ဖေဖော်ဝါရီ ၂၈ ရက်က စတင်တဲ့ အမြောက်နဲ့ တိုက်ခိုက်မှုဟာ မတ် ၁ ရက်အထိ ဆက်နေပြီး အနီး အနားမြို့တွေဟာလည်း အပျက်အစီးတွေနဲ့ လူသူကင်းမဲ့ ခြောက်ကပ်နေတာ ဖြစ်ပါတယ်။ အီရတ်ဝန်ကြီးချုပ်ကိုယ်တိုင်လည်း မတ် ၁ ရက်နှောင်းပိုင်းမှာ ဆာလာဟူဒင် ပြည်နယ်ထဲက ဆာမာရာမြို့အထိ သွားပြီး စစ်ဆင်ရေးကို အနီးကပ် ညွန်ကြားနေပါတယ်။ အီရတ်နိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ၀န်ကြီးချုပ်ဟာ စစ်ဦးစီးချုပ်လည်း ဖြစ်ပါတယ်။ အီရတ်မှာ လုံခြုံရေးအခြေအနေဟာ ပြီးခဲ့တဲ့နှစ် ဇွန်လက မိုဆူးလ်မြို့ကို အိုင်အက်စ် အစွန်းရောက်အဖွဲ့က သိမ်းခဲ့ရာကနေ စလို့ ဆိုးရွားနေတာ ဖြစ်ပါတယ်။ [gallery ids="83894,83895,83896"]

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up