အင်အားအသင့်အတင့်ရှိ မြေငလျင် ယူနန်ပြည်နယ်တွင် လှုပ်ခတ်

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်နယ် လင်ကန်မြို့မှာ ပြင်းအား ၅ ဒသမ ၅ ရှိတဲ့ ငလျင်ငယ်တခု မတ် ၁ ရက်နေ့ မွန်းလွဲပိုင်းက လှုပ်ခတ်ခဲ့ပြီး   ဒေသခံ ၆၀၀ လောက် ဘေးလွှတ်ရာ ပြောင်းရွှေ့ခဲ့ရပါတယ်။ ငလျင်ကြောင့် အိမ်တွေ အတော်များများ ပျက်စီးသွားပြီး ၁၄ ယောက် ဒဏ်ရာရပေမယ့် သေဆုံးသူတော့ မရှိပါဘူး။ တရုတ်နိုင်ငံ ငလျင်ဌာနရဲ့ အဆိုအရ ငလျင်ဟာ မြေပြင်အောက် ၁၁ ကီလိုမီတာအကွာမှာ လှုပ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။ တရုတ်စစ်တပ်နဲ့ ရဲတပ်ဖွဲ့က ကယ်ဆယ်ရေးလုပ်ငန်းတွေကို အလျင်စလို ဆောင်ရွက်နေပါတယ်။ ယာယီတဲ ၁ ထောင်၊ တာပေါ်လင်စ ၁၀၀၀၊ အိပ်ယာ ၅၀၀၀ ကိုလည်း ယူနန်အစိုးရက ပို့ပေးထားပါတယ်။ ယူနန်ပြည်နယ် လူဒီယံ အုပ်ချုပ်ရေးနယ်မြေမှာ ၂၀၁၄ သြဂုတ်လ ပြင်းအား ၆ဒသမ ၅ ရှိတဲ့ ငလျင်လှုပ်ခတ်ခဲ့ပြီး လူ ၆၀၀ ကျော် သေဆုံး၊ အိမ်ခြေ ၈ သောင်းလောက် ပျက်စီးခဲ့ပါတယ်။  

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up