နောက်ဆုံးထုတ် စမတ်ဖုန်း ဆမ်ဆောင်း မိတ်ဆက်

ဆမ်ဆောင်း အီလက်ထရောနစ်ကုမ္ပဏီက နောက်ဆုံးထုတ်လိုက်တဲ့ ဂလက်စ်စီ အက်စ် စမတ်ဖုန်းတွေကို မတ် ၁ ရက်နေ့က မိတ်ဆက်ပါတယ်။ ပိုပါးတဲ့ ဖုန်းကိုယ်ထည်ကို လေယာဉ်တည်ဆောက်ရာမှာ အသုံးပြုတဲ့ သတ္တုမျိုးနဲ့ လုပ်ထားတာ ဖြစ်ပါတယ်။ နာမည်ကျော် Apple က ထုတ်တဲ့ စမတ်ဖုန်းတွေကို ယှဉ်ပြိုင်ဖို့အတွက် ဆမ်ဆောင်းရဲ့ နောက်ဆုံးကြိုးပမ်းချက် ဖြစ်ပါတယ်။ ခန့်မှန်းချက်တွေအရ ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းက Apple က ထုတ်တဲ့ အိုင်ဖုန်း ၆နဲ့ အိုင်ဖုန်း ၆ ပလပ်စ်တို့ကို အရေအတွက် ၇၄ သန်းကျော် ရောင်းချနိုင်ခဲ့ပြီး ဆမ်ဆောင်းထုတ် စမတ်ဖုန်းတွေ နောက်ကောက်ကျသွားခဲ့ပါတယ်။ ဆမ်ဆောင်းက နောက်ဆုံးထုတ်ထားတဲ့ ဂလက်ဇီ အက်စ် ၅နဲ့ Apple ထုတ် အိုင်ဖုန်း ၅ အက်စ်တို့ ဈေးကွက်မှာ ယှဉ်တဲ့အချိန်တုန်းကတော့ ဆမ်ဆောင်းက အသာစီးယူနိုင်ခဲ့ပါတယ်။ ဒါကြောင့် အခု ထွက်လာတော့မယ့် ဂလက်ဇီ အက်စ် ၆ နဲ့ ဂလက်ဇီ အက်စ် ၆ အေ့ခ်ျ တို့ဟာ Apple ထုတ် စမတ်ဖုန်းကို ပြန်ယှဉ်ဖို့ ဆမ်ဆောင်းရဲ့ ကြိုးပမ်းမှု ဖြစ်ပါတယ်။ အခုထုတ်လိုက်တဲ့ စမတ်ဖုန်းတွေဟာ ဆမ်ဆောင်းသမိုင်းမှာ အလှပဆုံး ဖြစ်ပြီး ကမ္ဘာမှာ ခေတ်အမီဆုံး စမတ်ဖုန်း ဖြစ်ပါတယ်လို့ ဆမ်ဆောင်းဥက္ကဋ္ဌနဲ့ ညွန်ကြားရေးမှူးချုပ်က ပြောပါတယ်။ ဘယ်ဈေးနှုန်းနဲ့ ရောင်းမလဲဆိုတာကတော့ လောလောဆယ် ထုတ်မပြောသေးပါဘူး။ ဒါပေမယ့် ဧပြီလဆန်းပိုင်းမှာ နိုင်ငံ ၂၀ မှာ ရောင်းချသွားမယ်လို့ ဆိုပါတယ်။ [gallery ids="83836,83834,83835"]

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up