Home
မြန်မာသတင်း
အိုင်အက်စ် ခေါင်းဖြတ်လူသတ်သမားအကြောင်း တစေ့တစောင်း
DVB
·
March 1, 2015
အစ္စလာမ္မစ်နိုင်ငံတော်အမည်ခံ (အိုင်အက်စ်) အဖွဲ့ ရုပ်သံမှာ ဖမ်းဆီးခံရသူတွေကို ခေါင်းဖြတ် စီရင်ပြတဲ့ အိုင်အက်စ် အဖွဲ့ဝင်အကြောင်းကို ဗြိတိန် မီဒီယာတွေမှာ အကျယ်တ၀င့် ရေးသားဖော်ပြနေပါတယ်။ [caption id="attachment_83813" align="alignright" width="306"]Jihadi John video grabs from Steven Sotloff beheading video အိုင်အက်စ်က ဖမ်းဆီးထားသည့် ဓားစာခံများကို ခေါင်းဖြတ် စီရင်သူ[/caption] ဂျေဟတ်ဒီဂျွန်၊ ဂျွန်သည် ဘီတယ်လ်၊ ဂျေးလားဂျွန်ဆိုတဲ့ နာမည်ဝှက်တွေနဲ့ လှုပ်ရှားနေတဲ့ လူသတ်သမားဟာ ကူဝိတ်ကနေ လာရောက်ပြီး ဗြိတိန်နိုင်ငံသား ခံထားတဲ့ အသက် ၂၆ နှစ် မိုဟာမက် အမ်ဝါဇီ ဖြစ်တယ် ဆိုတာကို ဖေဖော်ဝါရီ ၂၆ ရက်မှာ သတင်း မီဒီယာတွေက ဖော်ထုတ်နိုင် ခဲ့တာ ဖြစ်ပါတယ်။ အာဖရိက သို့ တောင်အာရှ သံဝဲနေတဲ့ လေသံ ဗွီဒီယိုထဲက ဘယ်သန်တဲ့ လှုပ်ရှားပုံ အရပ်အမာင်း၊ လက်ပေါ်က သွေးကြော၊ အ၀တ်အစားနဲ့ အသံတို့ကို ကြည့်ပြီး အမ်ဝါဇီဆိုတာကို အတည်ပြုနိုင်တာလို့ ဆိုပါတယ်။ ဒီနောက်ပိုင်းမှာတော့ သူရဲ့ အကြောင်း ဗြိတိန် မီဒီယာတွေမှာ အကျယ် တ၀င့် ရေးသား ဖော်ပြလာတာ ဖြစ်ပါတယ်။ ၂၀၀၅ ခုနှစ် ဇူလိုင်က လန်ဒန်လူထု သွားလာရေးကို ဗုံးခွဲဖို့ ကြိုးစားခဲ့တာနဲ့ ပတ်သက်ပြီး သံသယရှိမှုနဲ့ ဗြိတိန်လုံခြုံရေး တပ်ဖွဲ့တွေက စောင့်ကြည့်နေတယ် ဆိုတာကို သိရှိတဲ့အကြောင်းနဲ့ သူက လူသေတယောက်လို လမ်းလျှောက်နေ တယ်လို့ အမ်ဝါဇီက ဒေးလီးမေးလ်ကို ပေးပို့တဲ့ အီးမေးလ်မှာ ရေးသားထားတယ်လို့ ဆိုပါတယ်။ ၂၀၁၀ ပြည့်နှစ် ဇွန်မှာ ဗြိတိန်အကြမ်းဖက် တိုက်ဖျက်ရေး အဖွဲ့က အမ်ဝါဇီကို ဖမ်းဆီးခဲ့သလို ကူဝိတ်ကို သွားခွင့် ပိတ်ပင်ခဲ့ပါတယ်။ ၂၀၁၂ ခုနှစ်မှာ ဆော်ဒီကို အင်္ဂလိပ်စာ သင်ဖို့ သွားရောက်ခဲ့ပေမယ့် မအောင်မြင်ဖြစ်ခဲ့ပြီးနောက် ၂၀၁၂ ခုနှစ်မှာပဲ ဆီးရီးယားကို သွားရောက်ပြီး အိုင်အက်စ်အဖွဲ့ကို ပူးပေါင်းခဲ့ပါတယ်။ [caption id="attachment_83817" align="aligncenter" width="583"]လန်ဒန် ဆန္ဒပြပွဲတွင် အလံကိုင်ထားသည့် အမ်ဝါဇီ လန်ဒန် ဆန္ဒပြပွဲတွင် အလံကိုင်ထားသည့် အမ်ဝါဇီ[/caption] ဆီးရီးယား အိုင်အက်စ်အဖွဲ့နဲ့ မပူးပေါင်းမီ ရေးသားခဲ့တဲ့ ဒီအီးမေးလ်မှာ ထောက်လှမ်းရေး အမ်အိုင် ၅ ရဲ့ စုံစမ်းစစ်ဆေးတာကိုခံရတဲ့ အချိန်မှာ သူဟာအပြစ်မရှိဘူးလို့လည်း ဖော်ပြထားပါတယ်။ မတော်မရော် စစ်ဆေးမှုကြောင့် သူ့ကို ဆိုးဆိုးဝါးဝါးထိခိုက်ခဲ့သလို ကိုယ့်ကိုယ်ကိုယ်သတ်သေဖို့ အထိကြိုးစားမိတဲ့ အကြောင်းနဲ့ ထာဝရ အိပ်ပျော်သွားအောင် ဆေးတွေ အများကြီး စားခဲ့တယ်လို့ အမ်ဝါဇီက ဆိုပါတယ်။ လုံခြုံရေး အယ်ဒီတာ ရောဘတ်ဗာခိုက်ဆီကို ၂၀၁၀ နဲ့ ၂၀၁၁ ခုနှစ်အတွင်း ပို့ခဲ့တဲ့ အမ်ဝါဇီ အီးမေးလ်မှာတော့ သူရဲ့ စိတ်ပိုင်း အခြေအနေကို အသေးစိတ် ဖော်ပြခဲ့သလို ထောက်လှမ်းရေးတွေက သူရဲ့ လှုပ်ရှားမှုတိုင်းကို လွှမ်းမိုးမှုရှိတယ်လို့ ရေးပါတယ်။ အမ်ဝါဇီဟာ အနောက်နိုင်ငံတွေမှာ အကြမ်းဖက်မှုတွေ လုပ်ဆောင်ဖို့ အယ်လ်ကိုင်းဒါး ခေါင်းဆောင် အိုစမာဘင်လာဒင်ရဲ့ ဗြိတိန် အခြေစိုက် လန်ဒန်လူငယ်များအဖွဲ့ဝင် တဦးလည်း ဖြစ်တယ်လို့ ဒေးလီးမေလ်းသတင်းက ရေးပါတယ်။ [caption id="attachment_83816" align="alignleft" width="213"]အမ်ဝါဇီ ငယ်စဉ်က အမ်ဝါဇီ ငယ်ရွယ်စဉ်က[/caption] ငယ်ရွယ်စဉ်က ရှက်ရွံ့တတ်တဲ့ အမ်ဝါဇီဟာ လူတွေကို ရက်ရက်စက်စက် စီရင်နေတာကို တွေ့ရတော့ စိုးထိတ်မိတယ်လို့ သူရဲ့ အတန်းဖော်က ပြန်ပြောင်းပြောပါတယ်။ သူဟာ အမေရိကန် သတင်းထောက်၊ ဗြိတိန် အကူအညီပေးလုပ်သား၊ ဗြိတိန် တက္ကစီ ဒရိုင်ဘာ၊ အမေရိကန် အကူအညီပေးလုပ်သားတွေကို ခေါင်းဖြတ် သတ်ခဲ့သူလို့ ခန့်မှန်း ပြောဆိုနေပါတယ်။ အီရတ်အနွယ် အမ်ဝါဇီဟာ ကူဝိတ်မှာ မွေးဖွားခဲ့ပြီး ကူဝိတ်နိုင်ငံသား ဖြစ်ခွင့်ကို အစိုးရက ငြင်းပယ်ခဲ့တဲ့ အတွက် ၁၉၉၄ ခုနှစ်လောက်မှာ လန်ဒန်ကို ပြောင်းရွှေ့ခဲ့ပြီး အလယ်တန်းကနေတဆင့် ၀က်မစ်နစ်စတာ တက္ကသိုလ် အထိ တက်ရောက်ခဲ့တယ်လို့ ဆိုပါတယ်။ အမ်ဝါဇီတက်တဲ့ ကျောင်းက တခြားကျောင်းသား ၂ ဦးဟာလည်း အကြမ်းဖက်အဖွဲ့ထဲကို ပူးပေါင်းသွားတဲ့အတွက် လန်ဒန်မြောက်ပိုင်းက ကွင်တင် ကိုင်နက်စတန် ကျောင်းကို စစ်ဆေးဖို့ ဗြိတိန် အစိုးရက ညွန်ကြားထားပါတယ်။ [caption id="attachment_83814" align="aligncenter" width="594"]IS Killer 5 အမ်ဝါဇီတက်ရောက်ခဲ့သည့် ကျောင်း[/caption] အမ်ဝါဇီနဲ့ ကျောင်းအတူတက်ခဲ့သူတဦးကတော့ သူဟာ မွတ်စလင်ဖြစ်ပေ မယ့် ဝေါ်ဒကာ အရက်ကို ကြိုက်သလို ဂိုဏ်းစတားတွေဆောင်းတဲ့ ရက်ပါ ဦးထုတ်ကို ဆောင်းလေ့ရှိတယ်လို့ ပြောပါတယ်။ Untitled-1.jpg သူရဲ့ ဖခင်ဟာ ကူဝိတ်ကနေ ဗြိတိန်ကို မပြောင်းလာခင်အထိ ရဲတပ်ဖွဲ့ဝင် တဦး ဖြစ်တယ်လို့ ဆိုပါတယ်။ လက်ရှိအချိန် ကူဝိတ်မှာ အလုပ်လုပ်နေပြီး ဗြိတိန်နိုင်ငံသားခံထားတဲ့ အမ်ဝါဇီရဲ့ ဆွေမျိုးသားချင်းတွေ ကိုလည်း စောင့်ကြည့်နေတယ်လို့ သတင်းတွေမှာ ရေးပါတယ်။ အမ်ဝါဇီရဲ့ ဖခင်ဟာလည်း ကူဝိတ်မှာ အလုပ်လုပ်နေပြီး မကြာခင် ဆင့်ခေါ်ခံရနိုင်တယ်လို့ ဆိုပါတယ်။ အမ်ဝါဇီဟာလည်း ကူဝိတ်ကို အကြိမ်ကြိမ် သွားရောက်လည်ပတ်ခဲ့သလို ၂၀၁၀ ပြည့်နှစ် ဇန်န၀ါရီနဲ့ ဧပြီလက နောက်ဆုံးသွားခဲ့တယ်လို့ ဆိုပါတယ်။ အမ်ဝါဇီကို ဖမ်းဆီးနိုင်ဖို့အတွက် သတင်းပေးသူကို ဒေါ်လာ ၁၀ သန်း ချီးမြင့်မယ်လို့ အမေရိကန် လွှတ်တော်က ကြေညာထားပါတယ်။ ကိုးကား (ဒေးလီးမေးလ်၊ The Mirror၊ အေအက်ဖ်ပီ၊ ၀ီကီပီးဒီးယား)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024