၉၁ နှစ်ပြည့်မွေးနေ့ ဆင်သားဖြင့် ကျွေးမွေးခဲ့သည့် ဇင်ဘာဘွေ သမ္မတ

ဇင်ဘာဘွေ သမ္မတ ရောဘတ် မူဂါဘီရဲ့ ၉၁ နှစ်ပြည့် မွေးနေ့မှာ တက်ရောက်တဲ့ ဧည့်သည် ၂ သောင်းကို ကျွေးမွေးဖို့ ဆင်ပျို  ၂ ကောင်ကို သတ်ခဲ့တယ်လို့ ဆိုပါတယ်။ ဖေဖော်ဝါရီ ၂၁ ရက်က ဒေါ်လာ ၁ သန်းနီးပါး ကုန်ကျခဲ့တဲ့ မွေးနေ့ပွဲမှာ အခုလို ကျွေးမွေးခဲ့တာ ဖြစ်ပြီး တခြား ဆင် ၁ကောင်ကိုတော့ ဝေပေးဖို့ အတွက် သတ်ခဲ့တယ်လို့ ဗြိတိန် အခြေစိုက် The Mirror သတင်းက ရေးပါတယ်။ ဒါ့အပြင် သူ့မွေးနေ့မှာ ကျွေးမွေးဖို့ ခြင်္သေနဲ့ မိကျောင်းတကောင်ကိုလည်း ပေးလှူခဲ့သလို အစိုးရအဖွဲ့တွေက နွား အကောင်ရေ ၄၀ လောက်ကို ပေးဖို့ ကမ်းလှမ်းခဲ့တယ်လို့ ဆိုပါတယ်။ မူဂါဘီမွေးနေ့မှာ ဆင်နဲ့ တောရိုင်း တရိစ္ဆာန်တွေကို သတ်ဖြတ်ဖို့ အစီအစဉ်ကို တရိစ္ဆာန် အရေး လှုပ်ရှားသူတွေက ဆန့်ကျင်ခဲ့ပါတယ်။ အတိုက်အခံတွေကို ဖိနှိပ်ပြီး လူဖြူလယ်သမားတွေထံကနေ အကြမ်းဖက်မြေယာသိမ်းတဲ့ အတွက် အနောက် ကမ္ဘာမှာ မူဂါဘီက နာမည်ဆိုးနဲ့ ကျော်ကြားပါတယ်။ ဒါပေမယ့်လည်း ဗြိတိန်ထံကနေ လွတ်လပ်ရေးကို ရယူပေးခဲ့တဲ့ မူဂါဘီကိုတော့ အတော်များ များက လေးစားတယ်လို့ ဆိုပါတယ်။ ဇင်ဘာဘွေကို မူဂါဘီ အုပ်ချုပ်တာ ၃၅ နှစ် ရှိလာပြီ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up