ဖေဖော်ဝါရီ ၂၈ ရက်နေ့ ငွေလဲနှုန်းနှင့် ရွှေဈေး
DVB
·
February 28, 2015
ဖေဖော်ဝါရီ ၂၈ ရက်နေ့အတွက် ငွေလဲလှယ်နှုန်းထားတွေကတော့ အမေရိကန် ၁ ဒေါ် လာကို ၁၀၃၆ ဒသမ ၁၀ ကျပ် ၊ ၁ ယူရိုငွေကို ၁၁၆၀ ဒသမ ၁၁ ကျပ်၊ မလေးရှား ၁ ရင်းဂစ်ကို ၂၈၆ ဒသမ ၅၁ ကျပ်၊ စင်ကာပူ ၁ ဒေါ်လာကို ၇၆၀ ဒသမ ၂၇ ကျပ်၊ ထိုင်း ၁ ဘတ်ကို ၃၂ ဒသမ ၀၁ ကျပ် အသီးသီး ဈေးပေါက်ပါတယ်။
ပြည်တွင်းရွှေဈေးကွက်မှာ အကယ်ဒမီရွှေဈေး တစ်ကျပ်သားကို ၀ယ်ဈေး ၆၇၇၅၀၀ ဖြစ်ပြီး ရောင်းဈေးက ၁၀၀၀ ကျပ် ပိုပါတယ်။
ကမ္ဘာ့ရွှေဈေးကွက်မှာတော့ ၁ အောင်စကို ၁၂၁၃.၂ ဒေါ်လာဈေးပေါက်ပါတယ်။