မျက်နှာဖုံးစွပ် ဆန္ဒပြသူများနှင့် ဂရိလုံခြုံရေးတပ်ဖွဲ့ ပဋိပက္ခဖြစ်

ဂရိနိုင်ငံ အေသင်မြို့တော်မှာ ဖေဖော်ဝါရီ ၂၆ ရက်နေ့က မျက်နှာဖုံးဝတ် ဆန္ဒပြသူတွေနဲ့ ဂရိလုံခြုံရေးတပ်ဖွဲ့ဝင်တွေ ပဋိပက္ခတွေ ဖြစ်ပွားခဲ့ပါတယ်။ ဆန္ဒပြသူ ၅၀ လောက်က ရဲလုံခြုံရေးတွေကို ဓာတ်ဆီပုလင်းတွေနဲ့ ပစ်ပေါက်ခဲ့ပြီး ဆိုင်တွေနဲ့ ကားတွေကိုလည်း ဖျက်ဆီး၊ မီးရှို့ခဲ့ကြပါတယ်။ ဒါဟာ ပြီးခဲ့တဲ့လကမှ တက်လာတဲ့ လက်ဝဲပါတီ ဆိုင်ရီဇာ(Syriza)ပါတီအစိုးရကို ပထမဆုံး ဆန့်ကျင်ဆန္ဒပြပွဲ ဖြစ်ပါတယ်။ ဂရိနိုင်ငံအပေါ် အီးယူက အရေးပေါ်ငွေကြေးကျားကန်ပေးမှု ဆက်သက်တမ်းတိုးဖို့ ၀န်ကြီးချုပ်သစ် အလက်ဇီစ် ထဆီပရတ်စ်(Alexis Tsipras)နဲ့ အီးယူနိုင်ငံတွေကြား ပဏာမ သဘောတူခဲ့ကြတာကြောင့် ဂရိပြည်သူ ၄၅၀ လောက်က ဒီအရင်က ဆန္ဒပြခဲ့ကြတာပါ။ ဂရိနဲ့ အီးယူတို့ရဲ့ အစီအစဉ်ကို အာဏာရပါတီအထဲမှာကို လက်မခံကြပါဘူး။ ဒီ ယူရိုငွေ ဘီလီယံ ၂၄၀ နဲ့ ဂရိနိုင်ငံရဲ့ စီးပွားရေးကို ကျားကန်းပေးထားမှုအစီအစဉ်ဟာ ဂရိပြည်သူ ၄ ယောက်မှာ ၁ ယောက်ကို အလုပ်လက်မဲ့ ဖြစ်စေတာကြောင့် ဂရိပြည်သူတွေက ဒီအစီအစဉ်ကို အဆုံးသတ်ချင်နေကြတာပါ။ အခုလို သဘောတူညီမှုဟာ ရွေးကောက်ပွဲမတိုင်ခင် နဂိုအခြေအနေကို ပြန်ရောက်သွား တာလို့လည်း အစိုးရကို ပြစ်တင်ဝေဖန်ကြတာပါ။ အစိုးရသစ်ဟာ ဒီ အီးယူနဲ့ အိုင်အမ်အက်ဖ်(IMF)ရဲ့ အကြွေးထုတ်ကို ရှင်းထုတ်မယ်ဆိုတဲ့ ကတိနဲ့ လူထုရဲ့ တခဲနက်ထောက်ခံမှုရရှိခဲ့ပြီး ပြီးခဲ့တဲ့ ဇန်န၀ါရီ ၂၅ ရက်နေ့က တက်လာတာပါ။ ဒီဆန္ဒပြပွဲဟာ သိပ်မကြီးမားပေမယ့် လက်ရှိ ဂရိအစိုးရသစ် ကို ပထမဆုံး ထိပ်တိုက်စိန်ခေါ်မှုလည်း ဖြစ်လာတာပါ။ ဂရိကွန်မြူနစ်ပါတီကလည်း ဖေဖော်ဝါရီ ၂၇ ရက် ဒီနေ့မှာ အစိုးရဆန့်ကျင်ဆန္ဒပြပွဲ ကျင်းပဖို့ စီစဉ်နေကြပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up