အာဖဂန်နစ္စတန်နိုင်ငံတွင် တူရကီသံရုံးကားကို အသေခံဗုံးခွဲ

အာဖဂန်နစ္စတန်နိုင်ငံရဲ့ မြို့တော် ကဘူးလ်မှာ တူရကီသံရုံးက ကားကို အသေခံဗုံးခွဲသမားတယောက်က ဖောက်ခွဲရေးပစ္စည်းတွေ တပ်ဆင်ထားတဲ့ ကားတစီးနဲ့ ဝင်တိုက်ခဲ့လို့ လူ ၁ ဦး သေဆုံး၊ ၁ ဦး ဒဏ်ရာရတယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနက ပြောပါတယ်။ ဂျာမနီ၊ အီရန်နဲ့ တူရကီသံရုံးတွေ အနားက လုံခြုံရေးတင်းတင်းကျပ်ကျပ် ချထားတဲ့ သံတမန်ရပ်ကွက်အလယ်မှာ ဖေဖော်ဝါရီ ၂၆ ရက်နေ့က ၀င်တိုက်ခဲ့တာဖြစ်ပြီး ပေါက်ကွဲမှုကြောင့် ပြတင်းပေါက်မှန်တွေ တုန်ခါခဲ့ပြီး သံရုံးဝန်ထမ်းတွေ ထိတ်လန့်ခဲ့ကြပါတယ်။ ဒုပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်ကြီး မိုဟယမက် အာရွတ်ဘ် ဆလံဂီကတော့ “တူရကီသံရုံး ယာဉ်တန်းကို တိုက်ခိုက်မှုကြောင့် တူရကီ ကားမောင်းသမားသေဆုံးပြီး တခြားတယောက် ဒဏ်ရာရခဲ့တယ်။ တိုက်ခိုက်သူဟာ ကော်ရိုလာကား တစီးလုံး ဖောက်ခွဲရေးပစ္စည်းတွေ အပြည့်တင်ထားတယ်” လို့ သတင်းထောက်တွေကို ပေါက်ကွဲမှုဖြစ်ရာနေရာမှာ ပြောပါတယ်။ ဒီတိုက်ခိုက်မှုကို သူတို့လုပ်တာလို့ တာလီဘန်တွေက အခိုင်အမာ ပြောခဲ့ပါတယ်။ ဒါဟာ လတ်တလောလတွေအတွင်း မြို့တော်ကဘူးလ်က သံရုံးကားတွေကို သူပုန်တွေရဲ့ ဒုတိယအကြိမ် တိုက်ခိုက်မှုလည်း ဖြစ်ပါတယ်။ နိုဝင်ဘာလက ဗြိတိန်ကားတစီးကို အသေခံဗုံးခွဲသမား တယောက်က တိုက်ခိုက်ခဲ့ပါတယ်။ ဓာတ်ပုံ - ရိုက်တာ၊ အေအက်ဖ်ပီ [gallery ids="83468,83469,83470,83471,83472,83473"]

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up