အီရတ်လေကြောင်းတိုက်ခိုက်မှုကြောင့် အိုင်အက်စ် ၁၇ ဦး ကျဆုံး

အီရတ်လေကြောင်းတိုက်ခိုက်မှုတရပ် အစ္စလာမ္မစ်နိုင်ငံတော်အဖွဲ့ (အိုင်အက်စ်) စစ်သွေးကြွ တပ်စခန်းကို ထိမှန်ခဲ့လို့ အိုင်အက်စ်စစ်သွေးကြွ ၁၇ ဦး ကျဆုံးတယ်လို့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၆ ရက်နေ့ ဆေးရုံသတင်းရင်းမြစ်တရပ်က ပြောပါတယ်။ ပစ်ခတ်မှုမတိုင်ခင်က အိုင်အက်စ်အဖွဲ့ခေါင်းဆောင် အဘူဘေကာရ် အယ်လ် ဘာကာဒါဒီဟာ အဲဒီ နေရာမှာ နာရီပေါင်းများစွာ ရှိနေခဲ့တယ်လို့ အာရေဗျရုပ်သံ အယ်လ်အာရဘီယား အယ်လ် ဟာဒတ်သ်က ပြောပါတယ်။ အခု သူဘယ်ရောက်သွားပြီလဲဆိုတာကို အတည်မပြုနိုင်သေးပါဘူး။ အီရတ်မြောက်ပိုင်း အယ် ချင်မ်ဒေသတွေကို လေကြောင်းတိုက်ခိုက်မှုပြ ရုပ်သံကို အီရတ်ကာကွယ်ရေးဝန်ကြီးဌာနက ဖေဖော်ဝါရီ ၂၆ ရက်နေ့က ဖြန့်ချိခဲ့ပါတယ်။ ဖေဖော်ဝါရီ ၂၅ ရက်နေ့ ညသန်းခေါင်မတိုင်ခင်မှာ အိုင်အက်စ်စစ်သွေးကြွ အကြီးတန်းအဖွဲ့ဝင်တွေ အစည်းအဝေးလုပ်နေတဲ့ ပုန်းခိုရာစခန်းတခုကို လေကြောင်းကနေ တိုက်ခဲ့ပြီး စစ်သွေးကြွ ဆယ်ဂဏန်းချီ သေဆုံးတယ်လို့ ကာကွယ်ရေးဝန်ကြီးဌာနက ဖေဖော်ဝါရီ ၂၆ ရက်နေ့က ပြောပါတယ်။ ပစ်ခတ်မှုကြောင့် အရပ်သား ၉ ဦး သေဆုံးပြီး စစ်သွေးကြွ ၂၉ ယောက် ဒဏ်ရာရတယ်လို့ ယူဖရေးတီးစ်မြစ်ကမ်းက အယ်လ်ချင်မ်မြို့ ဆေးရုံသတင်းရင်းမြစ်က ပြောပါတယ်။ လူနာတချို့ကို ဆေးကုဖို့ ဆီးရီးယားကို နယ်စပ်ဖြတ်ကျော် သယ်ဆောင်သွားခဲ့တယ်လို့ ဆိုပါတယ်။ စစ်သွေးကြွတွေက အီရတ်က ရှေ့တန်းမှာ စစ်သည်အင်အား ပြန်ဖြည့်တင်းဖို့ အလာလမ်းမှာ ဆီးရီးယားနယ်စပ်ကို ဖြတ်အပြီး တည်းခိုခန်းမှာ နားနေတုန်း ပစ်ခတ်ခံရတာ ဖြစ်ကြောင်း ဆေးရုံသတင်းရင်းမြစ်က ပြောပါတယ်။ စစ်သွေးကြွတွေကို သယ်ပို့ပေးတဲ့ တာဝန်ခံ သာမီယာ မိုဟာမက် အယ်လ် အဲ့စ်ကာရီလည်း သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up