အီတလီကပ္ပတိန်ဟောင်း ကန်နဗားရိုး ထောင်ဒဏ် ၁၀ နှစ် ကျခံရတော့မည်

1.2K
ကမ္ဘာ့ဖလားရ အီတလီ ကပ္ပတိန်ဟောင်း ကန်နဗားရိုးဟာ အခွန်ရှောင်တိမ်းမှုတခုကြောင့် ထောင်ဒဏ် ၁၀ လကျခံရမှာ ဖြစ်ပါတယ်။
အသက် ၄၁ နှစ်အရွယ် ကန်နဗားရိုးဟာ ဇနီးသည် အေရီနိုဆို၊ ညီဖြစ်သူ ပါအိုလိုတို့နဲ့အတူ အခွန်တိမ်းရှောင်မှုမှာ ပတ်သက်တာကြောင့် ပြီးခဲ့တဲ့ အောက်တိုဘာလက စပြီး စုံစမ်းစစ်ဆေးခံခဲ့ရတာပါ။
သူရဲ့ ညီဖြစ်သူက လက်ရှိစီးရီးအေကလပ် ဆက်ဆူအိုလိုမှာ ကစားနေသူဖြစ်ပြီး အခုအမှုကြောင့် ထောင် ၆ လ ပြစ်ဒဏ်ကျခံရမှာ ဖြစ်ပြီး ဇနီးဖြစ်သူက ထောင်ဒဏ် ၄ လ ကျခံရမှာ ဖြစ်ပါတယ်။
သူတို့ ၃ ယောက်စလုံး ရဲ့ အယူခံတွေကိုလည်း တရားရုံးက ပယ်ချထားပါတယ်။ ကန်နဗားရိုး ဟာ ရီးရဲလ်၊ ဂျူဗင်တပ်တို့ မှာ ကစားခဲ့တဲ့ နာမည်ကျော် ကစားသမားတဦးဖြစ်သလို အီတလီလက်ရွေးစင် အသင်းအတွင် ၁၃၆ ပွဲ ကစားပေးခဲ့သူပါ။
အီတလီအသင်း ကမ္ဘာ့ဖလားရခဲ့ပြီးနောက် ၂၀၀၆ ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံခဲ့ရသူ ဖြစ်ပါတယ်။