Home
မြန်မာသတင်း
မိကျောင်းကန်သပိတ်စခန်းကို စည်ပင်ရဲ ဖြိုခွင်း
ကျော်ဇေဝင်း
·
February 26, 2015
ရန်ကုန်မြို့ မဟာဗန္ဓုလပန်းခြံလမ်းမှာရှိတဲ့   မိကျောင်းကန်သပိတ်စခန်းကို စည်ပင်ရဲတွေက ၀င်ရောက် ဖြိုခွင်းရှင်းလင်းခဲ့ပြီး လူ ၁၈ ဦးကို ဖမ်းဆီးထားလိုက်ပါတယ်။ ဖေဖော်ဝါရီလ ၂၆ ရက်နေ့ မနက်က ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ လုံခြုံရေးနှင့် စည်ကမ်းထိန်းသိမ်းရေးဌာနက ရဲတွေက ဖြိုခွင်းရှင်းလင်းခဲ့ကြတာဖြစ်ပြီး သပိတ်စခန်းက ဆန္ဒပြသူ ၁၄ ဦးနဲ့ ဈေးသည် ၄ ဦး  စုစုပေါင်း ၁၈ ဦး ကို ဖမ်းဆီးသွားခဲ့တာပါ။ မိကျောင်းကန်သပိတ်စန်း ကနေ ဒီမနက်ဖမ်းဆီးခံရသူ ၁၈ ဦးကို ကျောက်တံတားတရားရုံးမှာ ဒီနေ့ ရုံးထုတ်ပြီး ရမန်ယူဖို့ရှိတယ်လို့ သိရပါတယ်။ အခုလို သပိတ်စခန်းဖြိုခွင်းတာနဲ့ ပတ်သတ်ပြီး ဒီဗွီဘီက ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ လုံခြုံရေးနှင့် စည်ကမ်းထိန်းသိမ်းရေးဌာန၊ ဌာနမှူးကို မေးမြန်းခဲ့ပေမယ့် ဖြေဆိုခြင်းမရှိပါဘူး။ သင်္ကန်းကျွန်းမြို့နယ် မိကျောင်းကန် ရပ်ကွက် ၃ ခုက မြေနေရာတွေကို  ၁၉၉၁ ခုနှစ်က  တပ်ပိုင်မြေအဖြစ် သိမ်းဆည်းတာခံရတာနဲ့ ပတ်သက်ပြီး နစ်နာကြေးပေးဖို့ မြို့ တော်ခန်းမရှေ့  မှာ သပိတ်စခန်းဖွင့်  ဆန္ဒပြနေတာ ရက်ပေါင်း ၃၃၉  ရက်ရှိခဲ့ပြီးနောက် အခုလို သပိတ်စခန်းကို ဖယ်ရှားခဲ့တာဖြစ်ပါတယ်။ ဒီမနက်မှာတော့ အဲ့ဒီနေရာကို သံဆူးကြိုးတွေနဲ့ တားထားပြီး စည်ပင်သာယာဝန်ထမ်းတွေက သန့်ရှင်းရေးလုပ်ငန်းတွေ ဆောက်ရွက်နေပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024