အမေရိကန်တွင် ဓာတ်ငွေ့ယိုစိမ့် ပေါက်ကွဲ၊ ကယ်ဆယ်ရေးလုပ်သား ၁၀ ဦး ဒဏ်ရာရ

အမေရိကန်နိုင်ငံ၊ နယူးဂျာစီပြည်နယ်ထဲက စတန်းဖို့တ်မြို့မှာ ဖေဖော်ဝါရီလ ၂၄ ရက်နေ့က နေအိမ်တလုံး ဓာတ်ငွေ့ယိုစိမ့်မှုကနေ ထပေါက်ကွဲခဲ့လို့ အရေးပေါ်ကယ်ဆယ်ရေးလုပ်သား ၁၀ ဦးကျော် ထိခိုက်ဒဏ်ရာရခဲ့ကြပါတယ်။ ၂ ဦးက ဒဏ်ရာပြင်းထန်ပြီး အားလုံး နီးစပ်ရာဆေးရုံကို အရေးပေါ်တင်ပို့ ကုသထားတယ်လို့ ပြည်နယ် သဘာဝဓာတ်ငွေ့ဌာနပြောခွင့်ရ မစ်ရှဲ ကင်နီ က ပြောဆိုပါတယ်။ အနီးပတ်ဝန်းကျင်က အိမ်ထောင်စုတွေကိုလည်း နေရာရွှေ့ပြောင်း ပေးခဲ့ရတယ်လို့လည်း ပြောဆိုပါတယ်။ ဓာတ်ငွေ့ပေါက်ကွဲမှုဟာ အလွန်ပြင်းထန်ခဲ့ပြီး နေအိမ်ကတော့ လုံးဝပျက်စီးသွားခဲ့တာပါ။ ဒီပေါက်ကွဲမှုကို စတတ်ဖို့တ်မြို့နယ်ရဲကားရဲ့ ကင်မရာက ရိုက်ကူးမိခဲ့တာပါ။ အိမ်ထောင်စု ၃ ရာလောက်ကို ဓာတ်ငွေ့ဖြတ်တောက်ထားရပြီး ဓာတ်ငွေ့ယိုစိမ့်ရတဲ့ အကြောင်းအရင်းကို စုံစမ်းနေပါတယ်။ ဖေဖော်ဝါရီလ ၂၅ ရက်နေ့မှာ ဓာတ်ငွေ့ဖြတ်တောက်ခံထားရတဲ့ အိမ်ထောင်စုတွေကို ဓာတ်ငွေ့ ပြန်ပေးနိုင်မယ်လို့လည်း ပြောဆိုပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up