ဆန္ဒပြပွဲများကြောင့် စီးပွားရေးပြန်တည်ဆောက်ရန် ကန်ဒေါ်လာ ၃၇ သန်း ဟောင်ကောင်အစိုးရတောင်းဆို

ပြီးခဲ့တဲ့နှစ် ဟောင်ကောင်ဒီမိုကရေစီဆန္ဒပြပွဲတွေကြောင့် ထိခိုက်ခဲ့ရတဲ့စီးပွားရေးကို ပြန်လည် တည်ဆောက်ဖို့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၅ ရက်နေ့က ဟောင်ကောင်အစိုးရက အမေရိကန်ဒေါ်လာ ၃၇ သန်း တောင်းခံပါတယ်။ ခရီးသွားလုပ်ငန်းအပြင်၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ယုံကြည်မှု ပြန်လည်တည်ဆောက်ရေး၊ စီးပွားရေး ထိခိုက်ခဲ့တဲ့ ဒေသခံလုပ်ငန်းရှင်တွေကို နစ်နာကြေးပေးရေး ဘဏ္ဍာရေးဝန်ကြီး ဂျွန်ဆောင်း(John Tsang)က အစိုးရနှစ်စဉ်ဘတ်ဂျက်ထဲက တောင်းခံခဲ့တာပါ။ ဟောင်ကောင်မှာ လွတ်လပ်တဲ့ရွေးကောက်ပွဲကျင်းပခွင့်ရရေး တောင်းဆိုမှုတွေ ဖြစ်ခဲ့ပြီး နောက်ပိုင်း ဟောင်ကောင်စီးပွားရေးတည်ငြိမ်ရေးဟာ အဓိကအကျဆုံး ဖြစ်တယ်လို့ ဟောင်ကောင်အစိုးရက ပြောဆိုခဲ့တာပါ။ ပြီးခဲ့တဲ့နှစ်က ဟောင်ကောင်စီးပွားရေး ခန့်မှန်းတာထက် ကျဆင်းခဲ့တာဟာ ဒီမိုကရေစီ လူထုဆန္ဒပြပွဲတွေကြောင့်လို့ ဟောင်ကောင်ဘဏ္ဍာရေးဝန်ကြီးက အပြစ်တင်တာပါ။ ဟောင်ကောင်စီးပွားရေးဟာ ပြီးခဲ့တဲ့ ၁၀ စုနှစ်အတွင်း နှစ်စဉ်ပုံမှန်တိုးတက်နှုန်း ၃.၉ ရာခိုင်နှုန်း ရှိခဲ့တာပါ။ ပြီးခဲ့တဲ့နှစ်ကတော့ တိုးတက်နှုန်း ၂.၃ ရာခိုင်နှုန်းပဲ ရှိခဲ့ပြီး ၃ နှစ်ဆက်တိုက်ကျဆင်းခဲ့တာလို့ ဆိုပါတယ်။ ဒီမိုကရေစီလူထုဆန္ဒပြပွဲတွေကြောင့် ဟောင်ကောင်ရဲ့ ခရီးသွားလုပ်ငန်း အပါအ၀င် စီးပွားရေးကဏ္ဍစုံကို ထိခိုက်ခဲ့ရပြီး အစိုးရအုပ်ချုပ်ရေးလုပ်ငန်းတွေ၊ ဟောင်ကောင်ရဲ့ နိုင်ငံတကာပုံရိပ်ကိုပါ ထိခိုက်ခဲ့ရတယ်လို့လည်း ပြောဆိုပါတယ်။ လွှတ်တော်အမတ်တဦးကတော့ ဆန္ဒပြပွဲတွေကြောင့် စီးပွားရေးထိခိုက်ခဲ့သူတွေကို နစ်နာကြေးပေးမယ်ဆိုရင်တော့ လုပ်ငန်းရှင်တွေကတော့ တစုံတရာ စိတ်ကျေနပ်မှုရမှာ ဖြစ်ပေမယ့် ဟောင်ကောင်ပြည်သူတွေရဲ့ ဒီမိုကရေစီတောင်းဆိုမှု ပြည့်ဝသွားတာ မဟုတ်လို့ နိုင်ငံရေးတည်ငြိမ်မှု ကတော့ ရရှိမှာမဟုတ်ဘူးလို့ ပြောဆိုပါတယ်။ [gallery ids="79789,79790,79791,79792,79793,79794"]

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up