ဖလော်ရီဒါပြည်နယ် ရေထုတ်ပိုက်ထဲရောက် ပင်လယ်ဖျံများကို ကယ်တင်

ပင်လယ်ဖျံကောင်ရေ ၁၂ ကောင်ကျော်ဟာ အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ် ကိဗ် ကာနာဗားရယ်လ် (Cape Canaveral) မြို့နားက ပင်လယ်ထဲ စီးနေတဲ့ ရေထုတ်ပိုက်ကြီး ထဲ ရောက်ပြီး ပြန်ထွက်မရဖြစ်နေလို့ တာဝန်ရှိသူတွေက ကယ်တင်ခဲ့ပါတယ်။ ပင်လယ်နွားလို့ခေါ်တဲ့ ပင်လယ်ဖျံတွေကို သားရိုင်း တိရစ္ဆာန် ထိန်းသိမ်းစောင့်ရှောက်ရေး အရာရှိတွေက ဖေဖော်ဝါရီ ၂၃ ရက်နေ့မှာ ကယ်ခဲ့ရတယ်လို့ ကော်မရှင်ပြောခွင့်ရ ဒရန်ဒန် ဘာစီနိုက ပြောပါတယ်။ ဒေသတလွှား အအေးလှိုင်းအောက်မှာ ရှိနေတုန်း ပိုနွေးတဲ့နေရာကို ရှာပုံရတယ်လို့ သုံးသပ်ကြပါတယ်။ ဖေဖော်ဝါရီ ၂၃ ရက်နေ့ ည ၉နာရီက ပင်လယ်ဖျံ ၆ ကောင်ကို ပိုက်လိုင်းထဲက ဆွဲထုတ်ခဲ့အပြီး ပိုက်ထဲမှာ ၁၉ ကောင် ရှိနေတာကို ကယ်ဆယ်ရေးသမားတွေ တွေ့ခဲ့ရတယ်လို့ Central Florida News 13 ရုပ်သံက အစီရင်ခံပါတယ်။ ပိုက်က ပေ ၁၅၀ လောက်ထိ ရှည်ပြီး အထဲမှာ ပိတ်မိနေတဲ့ ပင်လယ်ဖျံတွေ အားလုံးဆီ ကယ်ဆယ်ရေးသမားတွေ ရောက်ဖို့ ပိုက်ကို ချိုးဖျက် ဖွင့်ခဲ့ရတယ်လို့ ရုပ်သံက အစီရင်ခံပါတယ်။ သားရိုင်းတိရစ္ဆာန် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ရဲ့ အဏ္ဏဝါဇီဝ ပညာရှင် က သူ့စိတ်ထဲမှာ ထင်မြင်ချက်တခုကြောင့် စည်ပင်လုပ်သားတွေနဲ့ ရေပိုက်ကို စစ်ဆေးရာမှာ ဒီဖျံတွေကို တွေ့ခဲတာလို့ ဖလော်ရီဒါတူဒေး သတင်းဌာနကို ပြောပါတယ်။ ကမ်းခြေစောင့်ရဲနဲ့ မီးသတ်ဌာနတွေကတော့ သူတို့ဆီက လူတွေကို ပင်လယ်ကမ္ဘာအဖွဲ့က တိရစ္ဆာန်ရေးရာ ပညာရှင်တွေနဲ့ အတူ ကယ်ဆယ်ရေးအတွက် လွှတ်ခဲ့တယ်လို့ ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up