မိုင်းရှင်းလင်းရေးဆောင်ရွက်နိုင်သည့် မောင်းသူမဲ့ယာဉ်ကို ကာကွယ်ရေးကုန်စည်ပြပွဲတွင် ပြသ

အဆင့်မြင့်လက်နက်တွေထဲက မောင်းသူမဲ့ ထိန်းချုပ်လည်ပတ်တဲ့ စနစ်တွေဟာ အာရပ်စော်ဘွားများ ပြည်ထောင်စု(ယူအေအီး)နိုင်ငံရဲ့ မြို့တော် အဘူဒါဘီက ၁၂ ကြိမ်မြောက် နိုင်ငံတကာ ကာကွယ်ရေးကုန်စည်ပြပွဲမှာ လူစိတ်ဝင်စားမှု ရနေပါတယ်။ အယ်လ်ဒေဖိုင်ယာမဂ္ဂဇင်းရဲ့ ညွှန်ကြားရေးမှူး ဆလင်းမ် အဘောင် အစ္စမေးလ်ကတော့ “ကုမ္ပဏီအများစုက မောင်းသူမဲ့စနစ်တွေကို ရှာနေတယ်။ ကုန်းမြေ၊ ရေနဲ့ လေထဲမှာ သွားနိုင်တဲ့ မောင်းသူမဲ့ယာဉ်တွေ ရှိနေပြီ။ မောင်းသူမဲ့စနစ် ဒါမှမဟုတ် အဝေးထိန်းအမိန့်ပေးစနစ်တွေက လူကြိုက်များ နေတယ်”လို့ ပြောပါတယ်။ ခရိုအေးရှား မောင်းသူမဲ့ယာဉ် ထုတ်လုပ်သူ DOKING က မိုင်းရှင်းလင်းရေးလို တာဝန်တွေ ဆောင်ရွက်နိုင်တဲ့ အဝေးထိန်းထုတ်ကုန်ကို ကုန်စည်ပြပွဲမှာ ခင်းကျင်းပြသပါတယ်။ သူရဲ့ ယာဉ်တွေဟာ မတူခြားနား ရှုပ်ထွေးတဲ့ မြေပြင်အနေအထားတွေမှာ အလုပ်လုပ်နိုင်စွမ်းရှိပြီး အီရတ်နဲ့ အာဖဂန်နစ္စတန်က စစ်မြေပြင်တွေမှာ အမေရိကန်စစ်တပ်အတွက် အလုပ်လုပ် ပေးဖူးပါတယ်။ ကမ္ဘာကြီးက အီလက်ထရွန်နစ်ခေတ်ထဲကို ဝင်လာပြီဖြစ်လို့ သတင်းအချက်အလက်တွေက ပိုပြီး အရေးကြီးသထက် ကြီးလာနေချိန်မှာ အလုပ်လုပ်သူရဲ့ ဘေးကင်းရေးအတွက် မောင်းသူမဲ့ စနစ်တွေက ပိုပြီး ထိရောက်မှုတွေ တိုးလာနေတယ်လို့ အစ္စမေးလ်က ဆိုပါတယ်။ စစ်ရေးအကဲခတ်တွေကတော့ မောင်းသူမဲ့စနစ်တွေဟာ ယေဘုယျအားဖြင့် စစ်ပွဲတွေမှာ လိုအပ်တဲ့ အရေးအကြီးဆုံး ပစ္စည်းတွေလို့ ပြောပါတယ်။ ၁၉၉၃ ခုနှစ်က စပြီး ၂ နှစ် ၁ ကြိမ် ကျင်းပတဲ့ ကာကွယ်ရေးကုန်စည်ပြပွဲဟာ အရှေ့အလယ်ပိုင်းရဲ့ အကြီးဆုံးလက်နက်နဲ့ ကာကွယ်ရေးပြပွဲပါ။ ကမ္ဘာတလွှား သြဇာအကြီးဆုံး ပြပွဲတွေထဲကတခုလဲ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၃ ရက်နေ့က စတင်တဲ့ ၅ ရက်ကြာ ပြပွဲကို ကမ္ဘာတလွှား နိုင်ငံပေါင်း ၅၀ ကျော်က ကာကွယ်ရေးပစ္စည်းထုတ်လုပ်သူ အယောက် ထောင်ချီ တက်ရောက်ခဲ့ပါတယ်။ ဒီပြပွဲမှာ တင့်ကားမျိုးစုံကနေ ကျည်ဆံနဲ့ သေနတ်တွေအထိ စစ်သုံးပစ္စည်း အမျိုးအစား အားလုံးနီးပါးကို ပြသခဲ့ပါတယ်။ [gallery ids="83031,83032,83033,83034"]

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up