လူမည်းတဦးကို ရထားပေါ် ပေးမတက်ဟု စွပ်စွဲခံ ချဲလ်ဆီး ပရိသတ် ငြင်းဆို

ပြင်သစ်မှာ လူမျိုးရေးခွဲခြားတဲ့ သီချင်းတွေဆိုခဲ့ပြီး လူမည်းတဦးကို မြေအောက်ရထားပေါ် ပေးမတက်တဲ့ ချဲလ်ဆီးပရိသတ် ၃ ဦးထဲမှာ ပါဝင်တယ်လို့ စွပ်စွဲခံရသူ ရဲတပ်ဖွဲ့ဝင်ဟောင်းက ဒီဖြစ်ရပ်မှာ ပါဝင်ခြင်း မရှိဘူးလို့ ငြင်းဆန်လိုက်ပါတယ်။ ချဲလ်ဆီးနဲ့ ပဲရစ်စိန့်ဂျာမိန်းအသင်း ချန်ပီယံလိဂ် မကစားခင်မှာ မြေအောက်ရထားပေါ်တက်ဖို့ ကြိုးစားတဲ့ လူမည်းတဦးကို ချဲလ်ဆီး ပရိသတ်တွေက တားဆီးခဲ့တာ ဖြစ်ပါတယ်။ [caption id="attachment_82932" align="alignright" width="325"]Chelsea. 2jpg ဓာတ်ပုံ (ရာဟု)[/caption] စကော့တလန်ယာဒ့်က စုံစမ်းထုတ်ပြန်လိုက်တဲ့ ဓာတ်ပုံတွေထဲက လူ ၃ ဦးမှာ အသက် ၅၀ နှစ် မြောက်အိုင်ယာလန် ရဲတပ်ဖွဲ့ဝင်ဟောင်း ရစ်ချက် ဘာခ်လီကလည်း ပါဝင်နေပါတယ်။ သူက ပွဲကို တဦးတည်း သွားရောက်ခဲ့တာ ဖြစ်ပြီး လူမျိုးရေးခွဲခြားတဲ့သူ မဟုတ်ဘူးလို့ ပြောပါတယ်။ အခြေအနေတွေ ဘယ်လို ဖြစ်ခဲ့သလဲဆိုတာကို ရှင်းပြဖို့ သူ့ဆီက အထောက်အထားတွေကို ရဲတပ်ဖွဲ့ကို ပေးချင်တယ်လို့လည်း ဆိုပါတယ်။ ထုတ်ပြန်လိုက်တဲ့ အထဲမှာ ပါဝင်သူ ၃ ဦးကိုတော့ ရဲတပ်ဖွဲ့က ဖမ်းဆီးခြင်း မရှိသေးပါဘူး။ ဒီကိစ္စမှာ ပါဝင် ပတ်သက်တဲ့သူကို တသက်တာ အားပေးခွင့်ကို ပိတ်ပင်သွားမှာ ဖြစ်တယ်လို့ ချဲလ်ဆီးအသင်းကလည်း ပြောဆိုထားပါတယ်။ လက်ရှိမှာတော့ ရစ်ချက်ဟာ လူ့အခွင့်အရေးအဖွဲ့မှာ ညွန်ကြားရေးမှူးအဖြစ် ဆောင်ရွက်နေသလို ဒုက္ခရောက်နေတဲ့သူတွေကို ထောက်ပံ့ကူညီမှုတွေ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up