အီရန်နျူးကလီးယားအရေး အခက်အခဲများနှင့် ကြုံတွေ့နိုင်ဟု တရုတ်ပြော

အီရန် နျူးကလီးယားအရေး ဆွေးနွေးပွဲမှာ အခက်အခဲတွေ ကြုံတွေ့နေရတယ်လို့ တရုတ်အစိုးရရဲ့ ညှိနှိုင်းရေးမှူးက ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၂ ရက်နေ့က ပြောပါတယ်။ အီရန်က နျူးကလီးယားလက်နက် ထုတ်လုပ်မှုကို တားဆီးနိုင်ဖို့အတွက် ကမ္ဘာ့ အင်အားကြီးနိုင်ငံတွေက ညှိနှိုင်းမှုတွေကို ဆောင်ရွက်နေတာ ဖြစ်ပြီး မတ်လကုန် မတိုင်ခင်မှာ သဘောတူညီချက်ရဖို့ ရည်မှန်းထားတာ ဖြစ်ပါတယ်။။ တရုတ်ညှိနှိုင်းရေးမှူး ၀ိန်းကျန်းက ရှေ့မှာ အသေးစိတ်ကိစ္စတွေကို ညှိနှိုင်းတဲ့အဆင့်ဟာ  အခုထက် ပိုပြီး ခက်ခဲမယ်ဆိုတာ ကြိုတင် မျှော်လင့်ထားတယ်တယ်လို့ ပြောပါတယ်။။ အီရန်က နျူးကလီးယားလက်နက် ထုတ်လုပ်မယ့် အစီအစဉ်ကို စွန့်လွှတ်ဖို့နဲ့ အနောက်နိုင်ငံတွေက ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ဖြေလျော့ပေးဖို့ နိုင်ငံရေး မူဘောင် ညှိနှိုင်းမှုတွေကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၀ ရက်နေ့က ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမှာ နောက်တကျော့ ဆွေးနွေးတာဖြစ်ပါတယ်။ ဖေဖော်ဝါရီ ၂၂ ရက်နေ့က အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီနဲ့ အီရန် နိုင်ငံခြားရေး ၀န်ကြီး မိုဟာမက် ဂျာဗက်ရစ် တို့လည်း ရောက်ရှိသွားပါတယ်။။ အီရန် နျူးကလီးယားကိစ္စဟာ ၁၂ နှစ် ကြာနေပြီး အမေရိကန်က ထင်နေသလို နျူးကလီးယား လက်နက် ထုတ်လုပ်ဖို့ အစီအစဉ်မရှိဘူးလို့ အီရန်ဘက်က ငြင်းဆန်ထားပါတယ်။ [gallery ids="82899,82900,82901,82902,82903,82904"]

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up