အောက်ဆီဂျင်ပေးထားရသည့် စင်ကာပူနိုင်ငံ၏ဖခင် လီကွမ်ယု

ဆိုးဝါးတဲ့ အဆုတ်ရောဂါကြောင့် ဆေးကုသခံနေတဲ့ စင်ကာပူနိုင်ငံ ထူထောင်သူ ဖခင် လီကွမ်ယုကို အထူးကြပ်မတ်ဆောင်မှာ အောက်ဆီဂျင်ပေးထားရတယ်လို့ ၀န်ကြီးချုပ်ရုံးက ထုတ်ပြန်ပါတယ်။ ဖေဖော်ဝါရီ ၅ ရက် စင်ကာပူ အထွေထွေ ဆေးရုံကို တင်ပို့လိုက်ရတဲ့ အသက် ၉၁ နှစ် လီကွမ်ယုက သတိရှိနေသေးသလို စိတ်ငြိမ်ဆေး တိုက်ထားပြီး အခြေအနေက တည်ငြိမ်နေတယ်လို့ ဖေဖော်ဝါရီ ၂၁ ရက် ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။ “ဆရာဝန်တွေက အခြေအနေကို ဆက်လက်စောင့်ကြည့်နေပါတယ်၊ တစုံတခု ပြောင်းလဲရင်တော့ လူထုကို အကြောင်းကြားမှာပါ”လို့ ထုတ်ပြန်ချက်မှာ ရေးပါတယ်။ ကိန်းဘရစ်ခ်ျတက္ကသိုလ်ထွက် ရှေ့နေ လီဟာ စင်ကာပူကို ၁၉၅၉-၉၀ ခုနှစ် အထိ ဦးဆောင်ခဲ့ပြီး အာရှ အချမ်းသာဆုံးနိုင်ငံအဖြစ် ပြောင်းလဲပေးသူလို့ အများက ယုံကြည်လက်ခံထားပါတယ်။ လက်ရှိမှာတော့ သား လီရှန်လွန်းက ၂၀၀၄ ခုနှစ်ကတည်းက စတင်ပြီး စင်ကာပူ ၀န်ကြီးချုပ်အဖြစ် တာဝန်ယူထားပါတယ်။ ၂၀၁၀ ခုနှစ် ဇနီးကွယ်လွန်ပြီးတဲ့နောက် လူအများအကြားထဲကနေ လီကွမ်ယုက တဖြည်းဖြည်းနဲ့ ပျောက်ကွယ်သွားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up