ဖယ်ကာအိုကို အသင်းကြီးများက စိတ်ဝင်စားနေဟု မိုနာကိုပြော

တိုက်စစ်မှူး ဖယ်ကာအိုကို ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ ကလပ်အသင်းကြီးတွေ ရှိနေတယ်လို့ ပြင်သစ်ကလပ် မိုနာကိုက ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။ မန်ယူအသင်းဟာ တိုက်စစ်မှူး ဖယ်ကာအိုကို အငှားစာချုပ်နဲ့ ခေါ်ယူထားတာဖြစ်ပြီး ဒီနှစ်ရာသီမကုန်ခင် အပိုင်ဝယ်ယူမလား၊ မ၀ယ်ဘူးလားဆိုတာကို ဆုံးဖြတ်ရမှာပါ။ မန်ယူက အသက် ၂၉ နှစ်အရွယ် တိုက်စစ်မှူးကို အငှားနဲ့ တရာသီ ခေါ်ယူတဲ့ သဘောတူညီချက်ထဲမှာ အပိုင်ဝယ်ယူနိုင်တဲ့ အခွင့်အရေးပါ ပါဝင်နေပါတယ်။ မိုနာကိုက ကိုလံဘီယာ တိုက်စစ်မှူးကို ပေါင်သန်း ၅၀ နဲ့ ၀ယ်ယူထားတာပါ။ ဖယ်ကာအိုနဲ့ ပက်သက်လို့ မိုနာကိုအသင်း ဒုဥက္ကဋ္ဌက “ဖယ်ကာအိုက ကမ္ဘာ့အဆင့် တိုက်စစ်မှူး ဖြစ်လို့ စိုးရိမ်းစရာ မရှိပါဘူး။ မန်ယူက မ၀ယ်လည်း သူ့ကို စိတ်ဝင်စားနေတဲ့ ကလပ်အသင်းကြီးတွေ ရှိနေပါတယ်” လို့ အင်တာဗျုးတခုမှာ ပြောဆိုသွားပါတယ်။ ဖယ်ကာအိုဟာ မန်ယူအတွက် ကစားခွင့်ရထားတဲ့ ၁၉ ပွဲမှာ ၄ ဂိုး သွင်းယူထားပါတယ်။ မန်ယူနည်းပြ ဗန်ဂါးကတော့ ကစားသမားအနေနဲ့ ကိုယ့်ခြေစွမ်းကို ထိုက်တန်ကြောင်း ပြသဖို့လိုတယ်လို့ ပြီးခဲ့တဲ့လက ပြောဆိုထားပါတယ်။ ဖယ်ကာအိုဟာ မန်ယူအသင်းမှာ ပုံမှန်ပွဲထွက်ကစားခွင်ရဖို့ ရုန်းကန်နေရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up