Home
မြန်မာသတင်း
ကိုးကန့်တွင် ကြက်ခြေနီ ယာဉ်တန်းထပ်မံ ပစ်ခတ်ခံရ
DVB
·
February 22, 2015
တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ ကိုးကန့်ဒေသ လောင်ကိုင်ကနေ စစ်ဘေးရှောင် ဒုက္ခသည်တွေကို သွားရောက် ခေါ်ယူခဲ့တဲ့ ကြက်ခြေနီ ယာဉ်တန်းဟာ ဖေဖော်ဝါရီ ၂၁ ရက်နေ့က ပစ်ခတ်တိုက်ခိုက်ခံခဲ့ရပါတယ်။ တိုက်ခိုက်မှုကြောင့် သတင်းထောက် ၁ ဦး၊ ကြက်ခြေနီ ၁ ဦးနဲ့ တခြားလူ ၂ ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ အခုပစ်ခတ်မှုဟာ ပထမအကြိမ် ပစ်ခတ်မှု ဖြစ်ပွားခဲ့တဲ့ နေရာမှာပဲ ဖြစ်ပွားခဲ့တာပါ။ [caption id="attachment_82670" align="aligncenter" width="492"]ပထမအကြိမ် တိုက်ခိုက်ခံရစဉ်က (Soe Zeya Tun/Reuters) ပထမအကြိမ် တိုက်ခိုက်ခံရစဉ်က (Soe Zeya Tun/Reuters)[/caption] ဒဏ်ရာသူတဲ့သူတွေရဲ့အခြေအနေဟာ မစိုးရိမ်ရဘဲ ကွမ်းလုံဆေးရုံမှာ ကုသမှု ခံယူနေတယ်လို့ သွားရောက် သတင်းယူနေတဲ့ ဒီဗွီဘီသတင်းထောက်က ပြောပါတယ်။ ကယ်ဆယ်ရေး သွားရောက် လုပ်ကိုင်တဲ့ ကြက်ခြေနီ ယာဉ်တန်းဟာ ၃ ကြိမ်မြောက် အပစ်ခံရတာ ဖြစ်ပြီး ၁ ဦးသေဆုံးပြီး ၆ ဦး ဒဏ်ရာရခဲ့ပါတယ်။ ကယ်ဆယ်ရေးယာဉ်တိုက်ခိုက်ခံရမှုအပေါ် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (အိုင်စီအာစီ) အပါအ၀င် နိုင်ငံတကာ အဖွဲ့အစည်းတွေက ကန့်ကွက်ရှုတ်ချထားပါတယ်။ ကုလသမဂ္ဂကလည်း မြန်မာနိုင်ငံ အရှေ့ပိုင်း ကိုးကန့်ဒေသက သက်ဆိုင်တဲ့ အဖွဲ့တွေအနေနဲ့ တင်းမာမှုကို ကူညီထိန်းသိမ်းပြီး အရပ်သားတွေ ထိခိုက်နစ်နာမှုကနေ ရှောင်ရှားနိုင်ဖို့ တိုက်တွန်းထားပါတယ်။ အခုပစ်ခတ်မှုဟာ ဘယ်တပ်ဖွဲ့က ပစ်ခတ်တယ်ဆိုတာကို ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ ဒါ့အပြင် ဖေဖော်ဝါရီ ၂၁ရက် မနက် ၁၁ နာရီဝန်းကျင်လောက်ကလည်း ရှမ်းပြည်နယ် သန္နီမြို့ကနေ ကွမ်းလုံမြို့ကို သွားတဲ့လမ်း မိုင်တိုင် ၃၅ နဲ့ ၃၇ မိုင်ကြားမှာ တပ်မတော်စစ်ကြောင်းနဲ့ ကိုးကန့်တိမ်းရှောင်တပ်ဖွဲ့တို့အကြား တိုက်ခိုက်မှု ဖြစ်ပွားရာ စစ်တပ်ဘက်က ၁ ဦး ကျဆုံးပြီး သုံးဦးဒဏ်ရာရရှိခဲ့ကြောင်း သိရပါတယ်။ ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း ဖြစ်ပွားခဲ့တဲ့ လောက်ကိုင် တိုက်ပွဲဖြစ်စဉ်တွေမှာ တရုတ်စစ်သားဟောင်းတွေ ပါဝင်သလို ၀ ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (ယူဒဗလျူအက်စ်အေ)ပိုင် လက်နက်စက်ရုံက ထုတ်တဲ့ လက်နက်တွေလည်း သိမ်းဆည်းရမိတယ်လို့ မြန်မာ့တပ်မတော်က  ဖေဖော်ဝါရီ ၂၁ ရက်က ပြောကြားထားပါတယ်။ ၀တပ်ဖွဲ့ (ယူဒဗလျူအက်စ်အေ)၊ ကချင်လွတ်လပ်ရေးတပ်မတော် (ကေအိုင်အေ)၊  တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် (တီအန်အယ်လ်အေ) နဲ့ ရှမ်းပြည်တပ်မတော် (ဝမ်ဟိုင်း) အဖွဲ့တွေလည်း ပါဝင်တိုက်ခိုက်နေတယ်လို့ ပြောဆိုသွားပါတယ်။ သိန္နီမြို့အထွက် တပ်မတော်စစ်ကြောင်း နယ်မြေရှင်းလင်းရေး လုပ်နေစဉ်။ (ဓာတ်ပုံ - အိမ်ခိုင်မြဲ) [gallery ids="82674,82675,82676,82677,82678"]
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024