မျိုးတုံးတော့မည့် တိရစ္ဆာန်များ ကုန်ကူးမှုဖြင့် ဂျပန် ၂ ဦးကို ထိုင်းဖမ်းဆီး

ထိုင်းအကောက်ခွန်ဌာန အရာရှိတွေဟာ မျိုးသုဉ်းမယ့် အန္တရာယ်ရှိနေတဲ့ တိရစ္ဆာန်ကောင်ရေ ၁၀၀ ကျော်ကို မှောင်ခိုကုန်ကူးဖို့ ကြိုးစားတဲ့ ဂျပန်အမျိုးသား ၂ ဦးကို ဖေဖော်ဝါရီ ၂၀ ရက်နေ့က ဖမ်းဆီးခဲ့ပါတယ်။ အသက် ၃၉ နှစ် အသီးသီး ရှိကြတဲ့ နာအိုခိ ဟိရငုချိနဲ့ တိုရှိခဇု ခဝအိ တို့ကို သိမ်းဆည်းရမိတဲ့ ခရီးဆောင်သေတ္တာထဲမှာ ဝှက်ထားတဲ့ သားရိုင်းတိရစ္ဆာန်တွေနဲ့အတူ တရားရုံးကို ခေါ်သွားခဲ့ပါတယ်။ မှောင်ခိုကူးခံရတဲ့ တိရစ္ဆာန်တွေထဲမှာ ဝက်နှာခေါင်းလိပ် အကောင်ရေ ၁၁၀၊ မြွေ ၂၁ ကောင်၊ မြောက်အမေရိက ရှဥ့်သေး ၄ ကောင်နဲ့ တောက်တဲ့ ၉ ကောင် ပါဝင်ပါတယ်။ ကာလပေါက်ဈေး အမေရိကန်ဒေါ်လာ ၁ သောင်းခွဲကျော် ထိုင်းဘတ်ငွေ ၅ သိန်းလောက် တန်တဲ့ တိရစ္ဆာန်တွေဟာ မျိုးသုဉ်းမယ့်ဘေးသင့်နေတဲ့မျိုးစိတ်များ နိုင်ငံတကာညီလာခံက မျိုးသုဉ်းတော့မယ့် မျိုးစိတ်များ စာရင်းထဲမှာ ထည့်သွင်းထားတဲ့ တိရစ္ဆာန် မျိုးစိတ်တွေ ဖြစ်ပါတယ်။ ဂျပန်နိုင်ငံသား ၂ ဦးဟာ ဒီတိရစ္ဆာန်တွေကို ဘန်ကောက်မြို့ ချတ်တူးချတ် စနေတနင်္ဂနွေ ဈေးကနေ ဝယ်လာတာဖြစ်ကြောင်း၊ နိုင်ငံတွင်းကနေပြည်ပကို သယ်ယူပို့ဆောင်မှု ပိတ်ပင်ထားတဲ့ တိရစ္ဆာန်တွေမှန်း သတိမထားခဲ့မိဘူးလို့ အခိုင်အမာ ပြောနေကြောင်း ထိုင်းအရာရှိတွေကို ကိုးကားပြီး ထိုင်းမီဒီယာတွေက အစီရင်ခံပါတယ်။ ဂျပန်အမျိုးသားတွေက ဒီတိရစ္ဆာန်တွေကို အိမ်မှာ မွေးဖွားဖို့ ၀ယ်ယူခဲ့တာဖြစ်ကြောင်း အခိုင်အမာ ပြောခဲ့ကြတယ်လို့ သတင်းတွေမှာ ဖော်ပြပါတယ်။ သတင်းဓာတ်ပုံ - ရိုက်တာဗွီဒီယို [gallery ids="82602,82603,82604,82605"]

More News
Up