ဆိုမာလီယာအရာရှိများ တိုက်ခိုက်ခံရ၊ အမတ် ၁ ဦး သေဆုံးပြီး ၀န်ကြီး ၂ ဦး ဒဏ်ရာရ

ဆိုမာလီယာနိုင်ငံ မြို့တော်မှာ အစ္စလာမ္မစ် သူပုန်တွေ ဗုံးခွဲတိုက်ခိုက်မှုကြောင့် အမတ် ​၁ ဦး အပါအ၀င် အနည်းဆုံး လူ ၁၀ ဦးသေဆုံးခဲ့ပြီး ၀န်ကြီး ၂ ဦး ဒဏ်ရာရရှိသွားပါတယ်။ ဖေဖော်ဝါရီ ၂၀ ရက်က မြို့တော် မိုဂါဒစ်ရှူးက ဆင်တာ ဟိုတယ်ကို ပစ်မှတ်ထားလုပ်ဆောင်ခဲ့ကြတာပါ။ ဟိုတယ်ရှေ့မှာ ကားနဲ့ ဗုံးဖောက်ခွဲခဲ့ပြီး အစိုးရအရာရှိတွေ အစည်းအဝေးလုပ်နေတဲ့ ဟိုတယ်ထဲ ကို နောက်ထပ် ဗုံးတလုံးနဲ့ တိုက်ခိုက်ခဲ့တဲ့အတွက် အခုလို သေဆုံး ဒဏ်ရာရရှိခဲ့တာလို့ ရိုက်တာ သတင်းက ရေးပါတယ်။ အနောက်နိုင်ငံတွေက ထောက်ခံထားတဲ့ ဖက်ဒရယ်အစိုးရကို ဖြုတ်ချဖိုနဲ့ အစ္စလာမ်ဘာသာရေး ဥပဒေကို ဆိုမာလီယာမှာ ချမှတ်ဖို့ အတွက် တိုက်ခိုက်မှုကို အယ်ရှာဘတ် အဖွဲ့က လုပ်ဆောင်တာလို့ ပြောပါတယ်။ လုံခြုံရေး အရာရှိ၊ အမတ်တွေအပါအ၀င် အရပ်သား ၁၀ ဦးသေဆုံးခဲ့သလို သေဆုံးတဲ့ အရေအတွက် ပိုမြင့်လာနိုင်တယ်လို့ ရဲတပ်ဖွဲ့အကြီးအကဲကို ကိုးကားပြီး သတင်းမှာရေးပါတယ်။ ဟိုတယ်က လုံခြုံရေးကို ချိုးဖောက်ပြီး ပေါက်ကွဲသွားတဲ့ ကားဟာ ဟိုတယ် ကားရပ်နားတဲ့နေရာမှာ ဘာကြောင့် ရောက်ရှိနေသလဲဆိုတာကို ရှင်းရှင်းလင်းလင်းမသိရဘူးလို့ လုံခြုံရေး ၀န်ကြီးက ပြောပါတယ်။ လက်ထောက် ၀န်ကြီးချုပ်နဲ့ ဆိပ်ကမ်းနဲ့ ရေကြောင်း ၀န်ကြီးတို့လည်း အနည်းငယ်ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။ အယ်ရှာဘတ်အဖွဲ့ဟာ အရင်ကဆိုမာလီယာ နေရာတော်တော်များများကို ထိန်းချုပ် လွမ်းမိုးထားခဲ့ပေမယ့် တဖြည်းဖြည်းနဲ့ ဆုတ်ခွာနေရသလို ပျောက်ကျားနဲ့ အသေခံ ဗုံးခွဲမှုတွေ လုပ်ဆောင်ပြီး အစိုးရကို ဖိအားပေးနေပါတယ်။ [gallery ids="82585,82586,82587,82588,82589"]  

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up