A d v e r t i s e m e n t With Us

၇ ကြိမ်မြောက် အပစ်ရပ် ဆွေးနွေးပွဲ ကျင်းပနိုင်ရေး ညှိနှိုင်း

ယူပီဒဗလျူစီနှင့် အန်စီစီတီ ချင်းမိုင်းတွင် ဆွေးနွေးစဉ်
ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (ယူပီဒဗလျူစီ) နဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တို့ရဲ့ တနိုင်ငံလုံးအပစ်ရပ်ညှိနှိုင်းရေးအဖွဲ့ (အန်စီစီတီ) တို့ ရန်ကုန်မြို့မှာ ၇ ကြိမ်မြောက် ဆွေးနွေးပွဲ ကျင်းပနိုင်ရေးအတွက် ဒီနေ့ ချင်းမိုင်မြို့မှာ ဆွေးနွေးနေကြပါတယ်။ အန်စီစီတီဘက်က နိုင်ဟံသာ၊ ပဒိုကွယ်ထူးဝင်းနဲ့ ဗိုလ်ချုပ် ဂွန်မော်တို့ ဦးဆောင်တဲ့အဖွဲ့နဲ့ မြန်မာငြိမ်းချမ်းရေးစင်တာ အလုပ်အဖွဲ့တို့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ညှိနှိုင်းဆွေးနွေးနေကြတာပါ။ ဓာတ်ပုံ - Nyo Ohn Myint [gallery ids="82566,82567,82568,82569,82570,82571,82572"]

A d v e r t i s e m e n t With Us

More News
Up