A d v e r t i s e m e n t With Us

မန္တလေးတွင် ရေခွန်တိုးကောက်တော့မည်

မန္တလေးမြို့မှာ စည်ပင်သာယာက ပေးဝေနေတဲ့ ရေခွန်တွေကို မကြာခင်မှာပဲ တိုးမြှင့်ကောက်ခံတော့မှာဖြစ်ပါတယ်။ လက်ရှိမှာတော့ ရေ ၁ ယူနစ်မီတာကို ၅၅ ကျပ်နှုန်းနဲ့ ကောက်ခံနေတာဖြစ်ပြီး တိုးမြှင့်မယ့်နှုန်းကို အတိအကျ မပြောနိုင်သေးဘူးလို့ မန္တလေးစည်ပင် ရေနဲ့ သန့်ရှင်းမှုဌာနမှူးက ပြောပါတယ်။ မန္တလေးရဲ့ ရေခွန်ဟာ အနိမ့်ဆုံးဖြစ်ပြီး တိုးမြှင့်ခဲ့ရင်တောင်မှ ရန်ကုန်ထက်နည်းမှာပါလို့လည်း ဌာနမှူးက ပြောပါတယ်။ အခုလိုတိုးကောက်တာဟာ ဌာန၀င်ငွေနဲ့ လုပ်ငန်းလည်ပတ်ရမယ့် မူကြောင့်လည်း ဖြစ်ပါတယ်။ စည်ပင်သာယာက ၁ ရက်ကို ရေဂါလန် ၃ သန်းလောက် ဖြန့်ဖြူးပေးနေပေမယ့် တိုးလာတဲ့ လူဦးရေကြောင့် ၁၉၉၆ ခုနှစ်နောက်ပိုင်းမှာ ရေမလုံလောက်တာတွေ ဖြစ်လာခဲ့တာပါ။ မန္တလေးမှာ မြေအောက်ရေက အများဆုံးထုတ်ယူပေးဝေနေတာဖြစ်ပြီး ကျုံးရေနဲ့ မြစ်ရေကလည်း ပေးဝေနေတာပါ။ ယဉ်ကျေးမှုမြို့တော်ဖြစ်တဲ့ မန္တလေးမှာ မြို့နယ် ၆ ခု ပါဝင်ပြီး ရပ်ကွက်ပေါင်း ၉၀ ကျော်ရှိတာဖြစ်ပါတယ်။ [gallery ids="82551,82552,82553"]

A d v e r t i s e m e n t With Us

More News
Up