လစ်ဗျားနိုင်ငံ အရှေ့ပိုင်း ကတ်ဘာမြို့မှာ လူအယောက် ၄၀ သေဆုံးခဲ့ရတဲ့ ဖေဖော်ဝါရီ ၂၀ ရက်နေ့က အသေခံဗုံးခွဲမှုကို အစ္စလာမ္မစ်နိုင်ငံတော်အမည်ခံ အိုင်အက်စ်စစ်သွေးကြွတွေကို သစ္စာခံတဲ့ စစ်သွေးကြွတွေက သူတို့လုပ်တာလို့ ပြောဆိုလိုက်ပါတယ်။
[caption id="attachment_82544" align="aligncenter" width="616"]

အိုင်အက်စ်စစ်သွေးကြွအဖွဲ့ (ဓာတ်ပုံ - အေအက်ဖ်ပီ)[/caption]
အစ္စလာမ္မစ်တွေကို ပစ်မှတ်ထားပြီး အီဂျစ်က လေကြောင်း တိုက်ခိုက်မှုတွေ လုပ်တဲ့အတွက် ဖောက်ခွဲရေးပစ္စည်းတွေ တပ်ဆင်ထားတဲ့ ကားတွေကို ဖောက်ခွဲခဲ့ပြီး လက်တုံ့ပြန်ခဲ့တာလို့ ပြောပါတယ်။
ထရီပိုလီဟိုတယ်ကို ပစ်ခတ်မှုနဲ့ အီဂျစ် ကော့ပ်တစ် ခရစ်ယာန် ဓားစာခံ ၂၁ ယောက်ကို သတ်ဖြတ်မှုတွေအပြီး ထင်ရှားတဲ့ တိုက်ခိုက်မှုလည်း ဖြစ်လာပါတယ်။
လစ်ဗျား အိန်မာရာ စာနယ်ဇင်းဌာနက သူ့ရဲ့ လူမှုကွန်ရက်မီဒီယာ အင်တာနက် စာမျက်နှာပေါ်ကနေ ဖြန့်ချိထားတဲ့ ရုပ်သံထဲမှာတော့ ကတ်ဘာ တိုက်ခိုက်မှုတွေကြောင့် သေဆုံးရသူတွေရဲ့ အလောင်းတွေကို ပြထားပါတယ်။
[caption id="attachment_82545" align="aligncenter" width="620"]

အိုင်အက်စ်အဖွဲ့ကို ဗုံးကြဲတိုက်ခိုက်နေသည့် အီဂျစ်လေတပ်က လေယာဉ်တစီး[/caption]
အီဂျစ် ၂၁ ယောက်ကို အိုင်အက်စ်တွေက ခေါင်းဖြတ်သတ်ပြီးနောက် အီဂျစ်လေတပ်ဟာ လစ်ဗျား အရှေ့စွန်းပိုင်း ဒါနာမြို့က အိုင်အက်စ် စစ်သွေးကြွတွေရဲ့ ပစ်မှတ်တွေလို့ သံသယရှိတဲ့ နေရာတွေကို ဗုံးကြဲခဲ့ပါတယ်။
ရေနံထွက်တဲ့ မြောက်အာဖရိကနိုင်ငံ လစ်ဗျားမှာ အာဏာရှင် မွမ်မာ ကဒါဖီ ပြုတ်ကျခဲ့အပြီး လေးနှစ်လုံး တိုင်းပြည်ထဲမှာ ပရမ်းပတာ ဖြစ်နေခဲ့တာပါ။
ခုတော့ အစ္စလာမ္မစ်အုပ်စုတွေက မင်းမဲ့စရိုက် စိုးမိုးမှုကို အခွင့်ကောင်းယူနေလို့ ကွဲပြားနေတဲ့ အစိုးရနဲ့ လွှတ်တော် ၂ ခုဟာ လက်နက်ကိုင် အကွဲအပြဲတွေကို ထိန်းချုပ်ဖို့ မဟာမိတ်ပြုခဲ့ကြပါတယ်။