မေ၀ယ်သာနှင့် ပတ်ကွီရို မေ ၂ ရက် ထိုးသတ်မည်

1.7K
ရှုံးပွဲမရှိသေးတဲ့ အမေရိကန် လက်ဝှေ့သမား ဖလော့ဒ် မေ၀ယ်သာနဲ့ ဖိလစ်ပိုင် လက်ဝှေ့သမား မန်နီ ပတ်ကွီရိုတို့ မေ ၂ ရက် အမေရိကန်ပြည်ထောင်စု လာပ်ဗီးဂတ်စ်မှာ ထိုးသတ်ဖို့ အတည်ပြုလိုက်ပြီ ဖြစ်ပါတယ်။
ပရိသတ်တွေကို သဘောတူညီချက်ကို ရအောင် လုပ်ဆောင်သွားဖို့ ကတိပေးသလို မေ၀ယ်သာနဲ့ ပတ်ကွီရိုတို့ မေ ၂ ရက်မှာ ထိုးသတ်မယ့် သဘောတူညီချက် ရသွားပြီလို့ မေ၀ယ်သာက သူရဲ့ အင်တာနက် စာမျက်နှာမှာ ရေးပါတယ်။
မေ၀ယ်သာက အခုလို ကြေညာလိုက်တဲ့အပေါ်မှာ ပတ်ကွီရိုက ပွဲဖြစ်ဖို့ ကြာရှည်စောင့်ဆိုင်းခဲ့တဲ့ ပရိသတ်အတွက် ဒီပွဲဟာ ထိုက်တန်တယ်လို့ သူက ပြောပါတယ်။
မေ၀ယ်သာနဲ့ ကမ္ဘာ့ပြိုင်ပွဲ ၈ ခုမှာ ချန်ပီယံဖြစ်ဖူးတဲ့ ပတ်ကွီရိုတို့ ပထမဆုံးအကြိမ် ထိုးသတ်ဖို့ စီစဉ်တာ နှစ်ကာလရှည်ကြာခဲ့ပေမယ့် အထမြောက်ခြင်း မရှိပါဘူး။
တကြိမ်မှ ထိုးသတ်ခဲ့ခြင်း မရှိသေးတဲ့ သူတို့ ၂ ဦး တကယ် ထိုးသတ်ဖြစ်မယ်ဆိုရင် အကောင်းဆုံး ပွဲတပွဲ ဖြစ်လာနိုင်သလို ဒီပွဲကို ကြည့်ဖို့ ပရိသတ် အများစုက မျှော်လင့်နေပါတယ်။
ဒီပွဲကနေ ပေါင် ၁၆၂ သန်းလောက် ၀င်ဖို့ မျှော်မှန်းထားပါတယ်။ ဒီထိုးသတ်မှာ ရရှိတဲ့ ထိုးကြေးရဲ့ ၆၀ ရာခိုင်နှုန်းကို မေ၀ယ်သာကို ပေးဖို့ မူးယစ်ဆေးဝါး စစ်ဆေးမှုဆိုင်ရာ လုပ်ထုံးလုပ်နည်းတွေကို ပတ်ကွီရိုက သဘောတူညီထားပါတယ်။
အသက် ၃၈ နှစ်အရွယ် ပတ်ကွီရိုဟာ ၅၇ ပွဲထိုးသတ်ခဲ့ပြီး ၅ ပွဲရှုံး ၂ ပွဲသရေ မှတ်တမ်းကို ပိုင်ဆိုင်ထားပါတယ်။
အသက် ၃၇ နှစ်အရွယ် မေ၀ယ်သာကတော့ ၄၇ ပွဲမှာ တပွဲမှ မရှုံးသေးသလို ကမာ့္ဘလက်ဝှေ့ ကောင်စီနဲ့ ကမ္ဘာလက်ဝှေ့ အဖွဲ့ချုပ်တို့ရဲ့ ၀ယ်သာဝိတ်ချန်ပီယံဖြစ်ပါတယ်။