A d v e r t i s e m e n t With Us

နိုင်ငံခြားသားများအတွက် အငှားကိုယ်ဝန်ဆောင်ခြင်း ထိုင်းတားမြစ်

ထိုင်းနိုင်ငံမှာ နိုင်ငံခြားသား လင်မယားတွေအတွက် ထိုင်းအမျိုးသမီးများက အငှား ကိုယ်ဝန်ဆောင် ပေးတာကို တားမြစ်လိုက်ပါတယ်။ ဖေဖော်ဝါရီ ၁၉ ရက် ထိုင်းလွှတ်တော်မှာ တညီတညွတ်တည်း ဆုံးဖြတ်လိုက်တာ ဖြစ်ပါတယ်။ နိုင်ငံခြားသားတွေအတွက် ထိုင်းအမျိုးသမီးတွေ အငှားကိုယ်ဝန်ဆောင်ပေးရာမှာ အရှုပ်အရှင်းအတော်များများ ရှိခဲ့ပြီး နိုင်ငံရဲ့ ပုံရိပ်ကို ထိခိုက်တာတွေ ရှိလာတဲ့ အတွက် အခုလို ပိတ်ပင်လိုက်တာလို့ အေအက်ဖ်ပီ သတင်းက ရေးပါတယ်။ ဇွန်လမှာ အတည်ပြုနိုင်မယ့် အသစ်ပြဌာန်းလိုက်တဲ့ ဥပဒေမှာတော့ ထိုင်းလင်မယား ဒါမှ မဟုတ် အိမ်ထောင်သက် အနည်းဆုံး ၃ နှစ်ရှိ ထိုင်းနိုင်ငံသားနဲ့ လက်ထပ်ထားသူတွေက နိုင်ငံအတွင်း အငှား ကိုယ်ဝန်ဆောင်ခွင့်ရှိတယ်လို့ ဆိုပါတယ်။ ထိုင်းမှာ အငှားကိုယ်ဝန်ဆောင်ဖို့ ရှာဖွေတဲ့သူတွေက သားသမီး မရနိုင်ဘူးဆိုတာကို သက်သေပြရမယ်လို့ ဆိုပါတယ်။ ဒါကို ချိုးဖောက်ရင်တော့ ထောင်ဒဏ် ၁၀ နှစ် ချခံရနိုင်တယ်လို့လည်း အမျိုးသား ဥပဒေပြု အဖွဲ့အစည်း အဖွဲ့ဝင် ၀ါလော့သောင်ကာနန်နုရပ်ခ်က ပြောပါတယ်။ အရင်က ထိုင်းအမျိုးသမီးတဦးက သြစတြေးလျ စုံတွဲအတွက် အငှား ကိုယ်ဝန်ဆောင်ပေးရာမှာ မွေးလာတဲ့ကလေး ကျန်းမာရေး မကောင်းတဲ့အတွက် စွန့်ပစ်ခဲ့ပြီး သူရဲ့ အမြွှာပူးကလေးထဲက တယောက်ကို ယူဆောင်သွားတဲ့ အရှုပ်အရှင်းတွေ ဖြစ်ပွားခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up