အိပ်မက်ဟု ထင်မိကြောင်း မန်ယူရောက် အင်ဒီဘိုနန်ပြော

836
မန်ယူအသင်းဟာ ဘယ်လ်ဂျီယံနိုင်ငံသား အသက် ၁၆ နှစ်အရွယ် အင်ဒီဘိုနန်ကို ၃ နှစ်စာချုပ်နဲ့ ခေါ်ယူလိုက်ပြီဖြစ်ပါတယ်။
ဘယ်လ်ဂျီယံကလပ် ဂန့် (GENK) မှာ လူငယ်ကစားသမားအဖြစ် ကစားနေသူ ဘိုနန်ဟာ မန်ယူမှာ လာရောက် လေ့ကျင့် အစမ်းသပ်ခံခဲ့ပြီးနောက် အသက် ၁၆ နှစ်ပြည့်ချိန်မှာ မန်ယူက စာချုပ်ချုပ်ဆို ခေါ်ယူခဲ့တာဖြစ်ပါတယ်။
ကွင်းလယ်တိုက်စစ်နေရာအပြင် ဘယ်နောက်ခံနေရာမှာပါ ကစားနိုင်တဲ့ ဘိုနန်ကတော့ သူ့အနေနဲ့ အိပ်မက်လို့ ထင်မိပြီး လေ့ကျင့်ရေးမှာ ပြင်းထန်ပေမယ့် မောပန်းတယ်လို့ မခံစားရကြောင်း ပြောဆိုသွားပါတယ်။
ဘိုနန်ရဲညီဖြစ်တဲ့ ၁၃ နှစ်သား ဂိုးသမား ဆက်ပီကိုလည်း မန်ယူက စောင့်ကြည့်နေပါတယ်။ ဘိုနန်ရဲ့ ဖခင်ဟာ ဘယ်လ်ဂျီယံကလပ်တွေမှာ ၁၉၉၀ ကျော်နှစ်တွေမှာ ကစားခဲ့ဘူးတဲ့ ဘောလုံးသမားဟောင်းတဦး ဖြစ်ပါတယ်။