A d v e r t i s e m e n t With Us

အာဆင်နယ် လူငယ်အကယ်ဒမီ နည်းပြအဖွဲ့ဝင်ဖြစ်လာသည့် အွန်နရီ

ပြင်သစ် အသင်းနဲ့ အာဆင်နယ် တိုက်စစ်မှူးဟောင်း အွန်နရီ ကို အာဆင်နယ် လူငယ်ဖွံ့ဖြိုးရေး အကယ်ဒမီ နည်းပြအဖွဲ့ဝင်အဖြစ် ခန့်အပ် လိုက်ပါတယ်။ အာဆင်နယ် ယူ-၁၅ အသင်းသားတဦးက အင်တာနက် လူမှုရေးကွန်ရက် တွစ်တာ စာမျက်နှာကနေပြီး သတင်းကို ရေးသားဖော်ပြခဲ့တာဖြစ်ပါတယ်။ သူဟာ အာဆင်နယ် အသင်းခေါင်းဆောင်ဟောင်း တဦးဖြစ်ပြီး ကစားသမားဘ၀မှာ ပရီးမီးယားလိဂ် ချန်ပီယံ ၂ ကြိမ်ရယူခဲ့သလို အာဆင်နယ်အတွက် ၃၇၆ ပွဲ ကစားပြီး ၂၂၈ ဂိုးသွင်းပေးခဲ့ပြီး အသင်းသမိုင်းမှာ  ဂိုးအများဆုံး သွင်းပေးခဲ့သူဖြစ်ပါတယ်။ သူဟာ တချိန်မှာ အာဆင်နယ် အသင်း နည်းပြဖြစ်လာနိုင်ဖွယ်ရှိတယ်လို့လည်း ထင်ကြေးပေးခံထားရသူ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up