အပြောင်းအရွှေ့ပိတ်ပင်ခံရမှု အဓိပ္ပာယ်မရှိဟု ဘာစီလိုနာပြော

1.1K
ဘာစီလိုနာအသင်းကို အပြောင်းအရွှေ့ ပိတ်ပင်တဲ့ ပြစ်ဒဏ် ချမှတ်တာဟာ နှစ်ပေါင်းများစွာအတွင်း အဓိပ္ပာယ်မရှိတဲ့ လုပ်ရပ်ဖြစ်ပြီး အသင်းအနေနဲ့ ဘာအမှား မပြုလုပ်ခဲ့ဘူးလို့ ဘာစီလိုနာရဲ့ နည်းစနစ်ဆိုင်ရာကော်မတီ အဖွဲ့ဝင်လည်း ဖြစ် ကစားသမားဟောင်းလည်း ဖြစ်တဲ့ ကားလက်စ် ရီဇက်ခ်ျက ပြောပါတယ်။
ဘာစီလိုနာဟာ အသက် ၁၈ နှစ်အောက် ကစားသမားတွေကို ခေါ်ယူတဲ့နေရာမှာ ဖီဖာ ရဲ့ စည်းမျဉ်းတွေကို ချိုးဖောက်တယ်ဆိုပြီး အပြောင်းအရွှေ့ရာသီ ၂ ခုမှာ မပါဝင်ဖို့ ဖီဖာက ပြစ်ဒဏ်ချမှတ်ထားပါတယ်။
စပိန်ထိပ်သီး ဘာစီလိုနာဟာ အခုနှစ် ဇန်န၀ါရီလက စပြီး ၂၀၁၅-၁၆ ဘောလုံးရာသီအထိ ကစားသမား ရောင်းချမှုနဲ့ ၀ယ်ယူမှုတွေကို လုပ်ကိုင်ခွင့် ရရှိမှာ မဟုတ်ပါဘူး။