A d v e r t i s e m e n t With Us

ပညာရေးဥပဒေကြမ်း ဖေဖော်ဝါရီ ၂၈ နောက်ဆုံးထားပြဋ္ဌာန်းပေးရန် တောင်းဆို

အမျိုးသားပညာရေးဥပဒေ ပြင်ဆင်သည့်ဥပဒေကြမ်းကို ဖေဖော်ဝါရီ ၂၈ ရက်နေ့ နောက်ဆုံးထားပြီး ပြည်ထောင်စုလွှတ်တော်က အတည်ပြု ပြဋ္ဌာန်းပေးဖို့ ဒီမိုကရေစီပင်မသပိတ်စစ်ကြောင်းက တောင်းဆိုလိုက်ပါတယ်။ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂများအဖွဲ့ချုပ် (ဗကသ)  ဦးဆောင်တဲ့ ဒီမိုကရေစီပညာရေးသပိတ်ပင်မစစ်ကြောင်းက ဖေဖော်ဝါရီ ၁၉ ရက်နေ့က သဘောထားကြေညာချက် ထုတ်ပြန်လိုက်တာပါ။ သပိတ်စစ်ကြောင်းဟာ အခုလက်ရှိ လက်ပံတန်းမြို့ အောင်မြေဗိမာန်ကျောင်းတိုက်မှာ ခေတ္တရပ်နားနေပြီး အမျိုးသားပညာရေးဥပဒေ ပြင်ဆင်သည့်ဥပဒေကြမ်းကို ဖေဖော်ဝါရီ ၂၈ ရက်နေ့အထိ မပြဋ္ဌာန်းပေးပါက ရန်ကုန်ကို ဆက်လက်ချီတက်မယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။ ပြည်ထောင်စုလွှတ်တော်ရဲ့ ဆုံးဖြတ်ချက်ကိုစောင့်ကြည့်ဖို့နဲ့ အခြေခံပညာကျောင်းစာမေးပွဲတွေ အနှောင့်အယှက်မဖြစ်ဖို့ ပင်မသပိတ်စစ်ကြောင်းကို ၁၀ ရက်တာ ရပ်နားထားမယ်လို့ ပင်မသပိတ်စစ်ကြောင်းက ကြေညာထားပါတယ်။ မုံရွာ၊ ပခုက္ကူ၊ မော်လမြိုင်၊ ထားဝယ်မြို့တွေက ပူးပေါင်းကျောင်းသားသပိတ်စစ်ကြောင်းနဲ့ ဧရာဝတီသပိတ်စစ်ကြောင်းတွေကလည်း ရန်ကုန်မြို့ကို ဆက်လက် မထွက်ခွာတော့ပဲ သပိတ်ကိုရက်ပေါင်း ၃၀ ရပ်နားထားဖို့ ဖေဖော်ဝါရီလ ၁၆ ရက်နေ့မှာ ဆုံးဖြတ်ခဲ့ကြပါတယ်။

A d v e r t i s e m e n t With Us

More News
Up