ရောမမြို့တွင် ဖီယင်နုအသင်းပရိသတ်များနှင့် ရဲတပ်ဖွဲ့ ရုန်းရင်းဆန်ခတ်ဖြစ်

1.2K
အီတလီနိုင်ငံ မြို့တော် ရောမမှာ ဒတ်ခ်ျဘောလုံးအသင်း ဖီယင်နု (Feyenoord) ကို အားပေးသူတွေနဲ့ အဓိကရုဏ်း နှိမ်နင်းရေးရဲတွေ ရုန်းရင်းဆန်ခတ်ဖြစ်ပြီး ပရိသတ် ၁၆ ဦး ဖေဖော်ဝါရီ ၁၈ ရက်နေ့က ဖမ်းဆီးခံခဲ့ရပါတယ်။
ဒတ်ခ်ျနိုင်ငံ ဖေယင်နုအသင်းနဲ့ အီတလီနိုင်ငံ ရိုးမားအသင်းတို့ရဲ့ ဖေဖော်ဝါရီ ၁၉ ရက်နေ့ ယူရိုပါလိဂ်ပွဲစဉ်မတိုင်ခင် ခုလို အဖမ်းခံရတာပါ။
သမိုင်းဝင် ရိုမန်ရင်ပြင်ဖြစ်တဲ့ ကမ်ပိုဒေဖီအိုရီမှာ နောက်ထပ် အနှောင့်အယှက်တွေ အတွက် အီတလီရဲအရာရှိတွေက တပ်လှန့်ထားပြီး စတိုးဆိုင်တွေကိုလည်း မထိခိုက်အောင် ပိတ်ခိုင်းထားတယ်လို့ ဒေသခံမီဒီယာက အစီရင်ခံပါတယ်။
အီတလီရဲတွေ ဖေဖော်ဝါရီ ၁၉ ရက်နေ့က ဖြန့်ချိတဲ့ ရုပ်သံထဲမှာတော့ ဒတ်ခ်ျအသင်းကို အားပေးသူတွေက ရဲအရာရှိတွေကို ပုလင်းတွေနဲ့ ပစ်ပေါက်နေပြီး ရောမမြို့က သမိုင်းဝင်မြို့လယ်ပိုင်းက လမ်းတွေတလျှောက် လမ်းဘေးဆိုင်းဘုတ်တွေကို ကားနဲ့ တိုက်ခဲ့ကြပါတယ်။
ရဲအရာရှိတွေက လူ ၁၆ ယောက်ကို ဖမ်းဆီးခဲ့ပြီး သံတုတ် ၂ ချောင်းကိုလည်း သိမ်းဆည်းခဲ့တယ်လို့ ဒေသခံမီဒီယာက အစီရင်ခံပါတယ်။
ဓာတ်ပုံ - ရိုက်တာ
[gallery ids="82418,82419,82420,82421,82422,82423,82424,82425"]