A d v e r t i s e m e n t With Us

တောင်သမန်ရွှေအင်းက အလုံပိတ်တဲပိုင်ရှင်များကို တရားစွဲတော့မည်

မန္တလေးတိုင်း၊ အမရပူရမြို့နယ်၊ တောင်သမန်အင်းစောင်းမှာ စုံတွဲတွေ သွားရောက်နေတဲ့  အလုံပိတ် တဲပေါင်း ၁၈၀ ကျော်ကို ဖျက်သိမ်းဖို့ အကြောင်းကြားထားပေမယ့် မဖျက်သိမ်းတဲ့အတွက် တရားစွဲဆိုတော့မယ်လို့ စည်ပင်က ပြောပါတယ်။ YDNP Ho Tel MDY CCP (4)မန္တလေး၊ ရတနာပုံတက္ကသိုလ်ဘက်ခြမ်း၊ တောင်သမန်အင်းစောင်းက အိမ်ခြံပိုင်ရှင် ၁၂ ယောက်က သူတို့ခြံမြေတွေပေါ်မှာ တဲတွေထိုးပြီး အချိန်ပိုင်း ငှားစားနေကြတာဖြစ်ပါတယ်။ ဒီလိုတဲထိုးပြီး ငှားစားနေတာတွေကို ရတနာပုံတက္ကသိုလ်အပါအ၀င် ဒေသခံတို့က တိုင်ကြားမှုပေါင်း များစွာရောက်ရှိတဲ့အတွက် ဖျက်သိမ်းပေးဖို့ ဆိုင်ရာစည်ပင်က အကြောင်းကြားစာပေးပို့ခဲ့ပေမယ့် ဖျက်သိမ်းခြင်းမပြုလို့ တရားစွဲဖို့ လုပ်တာဖြစ်ကြောင်း အမရပူရမြို့နယ် စည်ပင်ဦးစီးမှူး ဦးဇေယျက ပြောပါတယ်။ YDNP Ho Tel MDY CCP (8)“ဖေဖော်ဝါရီ ၁၃ ရက်စပြီး ပူးပေါင်းအဖွဲ့နဲ့ရှင်းတယ်ဗျ။ အလုံပိတ်တဲတွေ စည်းကမ်းဥပဒေနဲ့ မညီဘူးလေ။ ဆိုင်တွေက အိုးပမ်းပုံစံဖြစ်ရမယ်လေ။ သူတို့က အလုံပိတ်ထားတဲ့အတွက် ဒါ သဘာဝမကျဘူးလေ။ နောက် စားသောက်ဆိုင်ဆိုရင်လည်း အများမြင်သာတဲ့ အမိုးအကာ ရှိရမယ်လေ။ အခုဟာက အလုံပိတ်ထားတော့၊ ပြီးတော့ တဲတွေက မီးရေးထင်းရေးကအစ စိတ်ချလုံခြုံမှု မရှိဘူးပေါ့၊ စည်းကမ်းနဲ့ မညီလို့ ရှင်းမှာပေါ့ဗျာ။” အင်းစောင်းကတဲတွေကို ဖေဖော်ဝါရီ ၁၄ ရက် နောက်ဆုံးထားပြီး မိမိအစီအစဉ်နဲ့ မိမိ ဖျက်သိမ်းဖို့ အကြောင်းကြားထားပြီး ဖျက်သိမ်းခြင်း မရှိလို့ အခွန်ဌာနနဲ့ ပူးပေါင်းပြီး စည်ပင်ဥပဒေနဲ့ တရားစွဲဆိုမှာ ဖြစ်ပါတယ်။ မန္တလေးမြို့မှာ အလားတူ တဲတွေ သုံးနေရာထက်မနည်း ရှိပြီး ကန်တော်ကြီးဘက်ခြမ်းနဲ့ မန္တလေးတောင်ခြေနားတို့မှာ အမြောက်အမြားရှိနေတယ်လို့ မြို့ခံဒီဗွီဘီသတင်းထောက်က ပြောပါတယ်။

A d v e r t i s e m e n t With Us

More News
Up