A d v e r t i s e m e n t With Us

၁ လပြည့် ကချင်ဆရာမ ၂ ဦးအတွက် အစာရှောင်ဆုတောင်းပွဲ ပြုလုပ်

ပြီးခဲ့သည့် ဇန်န၀ါရီ ၂၅ ရက်နေ့က ဘားအံမြို့တွင် ဆုတောင်းပွဲပြုလုပ်စဉ်
ကချင်ဆရာမ ၂ ဦး အသတ်ခံရတဲ့ ၁ လပြည့် ၂၄ နာရီ အစာရှောင်ဆုတောင်းခြင်းအစီအစဉ်ကို မြန်မာနဲ့ကမ္ဘာတ၀န်း ပြုလုပ်နေတယ်လို့ ကချင်နှစ်ခြင်းခရစ်ယာန် အသင်းချုပ် အတွင်းရေးမှူး ဒေါက်တာဆမ်ဆန်က ပြောပါတယ်။ ၁ လပြည့်တဲ့ ဖေဖော်ဝါရီ ၁၉ ရက် မနက် ၆နာရီကနေ နောက်တနေ့ မနက် ၆ နာရီထိ ၂၄ နာရီ ၀တ်ပြုဆုတောင်းကြမယ်လို့ ပြောပါတယ်။ “ကျနော်တို့ ခရစ်ယာန်ယုံကြည်ခြင်းမှာ အစာရှောင်ဆိုတာက နောက်ဆုံးအဆင့်ပဲ။ အစာရှောင်ဆိုတာ ဒုက္ခပြဿ နာတခုခုကြုံတဲ့အချိန်မှာ ကျနော်တို့က အစာမစားဘဲနဲ့ ဆုတောင်းခြင်းက ကျနော်တို့ကို ဘုရားသခင်က အဖြေပေးတယ်ဆိုတာကို ယုံကြည်တဲ့အတွက်ကြောင့်မို့ ဒီနေ့ ဆုတောင်းခြင်း ဖြစ်တယ်။” ကချင်ဆရာမ ၂ ဦးကို အဓမ္မပြုကျင့်သတ်ဖြတ်သွားတဲ့ တကယ့် တရားခံအစစ်ဖော်ထုတ်ဖို့ ဆုတောင်းခြင်းလည်း ဖြစ်တယ်လို့ ပြောပါတယ်။ မြန်မာတနိုင်ငံလုံးမှာရှိတဲ့ ဂိုဏ်းပေါင်းစုံ ခရစ်ယာန်အသင်းချုပ်များစုပေါင်းပြီး ဆုတောင်းပွဲလုပ်ကြမှာဖြစ်ပါတယ်။ ကမ္ဘာအရပ်ရပ်ရှိ ဘုရားကျောင်းတွေမှာ လုပ်ဖို့ကိုတော့ အမေရိကန်ခရစ်ယာန်သာသနာပြုအဖွဲ့က နှိုးဆော်တိုက်တွန်း လုပ်ဆောင်တာ ဖြစ်ပါတယ်။ ဇန်န၀ါရီ ၁၉ ရက်နေ့ည သန်းခေါင်ယံမှာ မူဆယ်ခရိုင် ပန်ဆိုင်း(ကြူကုတ်) မြို့နယ် ကောင်းခါးကျေးရွာ ဘုရားရှိခိုးကျောင်းက နေအိမ်တွင်းမှာ ဆရာမ မရန်လုရာနဲ့ တန်ဘောင်ခေါန်နန်စင်တို့ ၂ ဦးစလုံး အဓမ္မပြုကျင့်သတ်ဖြတ်ခံခဲ့ရတာဖြစ်ပြီး အခု ၁ လပြည်တဲ့အချိန်ထိ တရားခံဖော်ထုတ်နိုင်ခြင်း မရှိသေးပါဘူး။

A d v e r t i s e m e n t With Us

More News
Up