လီဗာပူးကစားသမား မာကိုဗစ်ကို ယူအီးအက်ဖ်အေက လေးပွဲပယ်

767
လီဗာပူးလ် တောင်ပံကစားသမား လေဇာမာကိုဗစ်ကို ယူအီးအက်ဖ်အေက ဥရောပပွဲ လေးပွဲပယ်ပြစ်ဒဏ် ချမှတ်လိုက်သည်။
ဒီဇင်ဘာလအတွင်း ဘေဆယ်နှင့်သရေကျတဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ အသက် ၂၀ အရွယ်ရှိ မာကိုဗစ်ဟာ ပြိုင်ဘက်ကစားသမား ဆာဖာရီရဲ့ မျက်နှာကို လက်နဲ့ရိုက်ခဲ့တာကြောင့် အနီကတ်ပြ ထုတ်ပယ်ခံခဲ့ရပြီး အခု ပြစ်ဒဏ်ကို ကျခံခဲ့ရတာပါ။
ပုံမှန်ဆို ၃ ပွဲသာပယ်ခံရမှာ ဖြစ်ပေမယ့် ပြီးခဲ့တဲ့နှစ် ဘင်ဖီကာနဲ့ ကစားတဲ့ ယူရိုပါလိဂ်ဆီမီးပွဲမှာလည်း ထုတ်ပယ်ခံရဖူးတာကြောင့် ၁ ပွဲပယ်ပြစ်ဒဏ်ထပ်တိုးပြီး ၄ ပွဲပယ် ပြစ်ဒဏ်ပေးခံရတာဖြစ်ပါတယ်။
လီဗာပူးလ်အသင်းကတော့ ပြစ်ဒဏ်ကို အယူခံဝင်မှာမဟုတ်ဘူးလို့ ကြေညာထားပါတယ်။
မာကိုဗစ်အနေနဲ့ ဒီနေ့ည ဘက်ဆစ်တပ် နဲ့ ကစားရမယ့် ယူရိုပါလိဂ်ပွဲကို လွဲချော်မယ့်အပြင် လီဗာပူးလ်အသင်း နောက်တဆင့်တက်သွားရင်လည်း ကွာတားဖိုင်နယ်ထိ ပါဝင်ကစားနိုင်မှာ မဟုတ်တော့ပါဘူး။