ရီးရဲလ်က ရှော်ကေးကို ၂-၀ ဂိုးဖြင့် အနိုင်ရရှိ

634
မနေ့ညက ယှဉ်ပြိုင်ကစားသွားတဲ့ ချန်ပီယံလိဂ် ဘောလုံးပြိုင်ပွဲ ဒုတိယအဆင့် ရှော်ကေးအသင်းရဲ့အိမ်ကွင်းမှာ ရီးရဲလ်မက်ဒရစ်က ၂-၀ ဂိုးနဲ့ အနိုင်ရသွားပါတယ်။
ရီးရဲလ်အသင်းအတွက် အနိုင်ဂိုးတွေကို စီရော်နယ်ဒိုက ပထမပိုင်း ၂၆ မိနစ်မှာ ၁ ဂိုးနဲ့ မာဆယ်လိုက ဒုတိယပိုင်း ၇၉ မိနစ်မှာ သွင်းယူခဲ့တာပါ။
တခြားပွဲစဉ်ဖြစ်တဲ့ ဘာဆဲလ်နဲ့ ပေါ်တိုအသင်းတို့ ပွဲစဉ်မှာတော့ ၁-၁ ဂိုးစီ သရေရလဒ်နဲ့ ပြီးဆုံးသွားပါတယ်။ ဘာဆဲလ်အတွက်ဂိုးကို ပထမပိုင်း ၁၁ မိနစ်မှာ ဂွန်ဇာလက်က သွင်းဂိုးခဲ့ပြီး ပေါ်တိုအသင်းအတွက် ချေပဂိုးကိုတော့ ဒုတိယပိုင်း ၇၉ မိနစ်မှာ ပင်နယ်တီကတဆင့် ဒန်နီလိုက သွင်းယူခဲ့တာဖြစ်ပါတယ်။
ဒီနေ့ညမှာတော့ ဂျူဗင်တပ်နှင့် ဒေါ့မွန်၊ မန်စီးတီးနဲ့ ဘာစီလိုနာအသင်းတို့ ဆက်လက်ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။