A d v e r t i s e m e n t With Us

မူဆယ်တွင် အစိုးတပ်ယာဉ်တန်း ဆွဲမိုင်းမိ၊ တပ်ဖွဲ့ဝင် ၂ ဦး ဒဏ်ရာရ

ရှမ်းပြည်မြောက်ပိုင်း မူဆယ်ခရိုင် မူဆယ် နဲ့ နမ့်ခမ်းသွား ကားလမ်းပေါ်မှာ အစိုးရတပ်ယာဉ်တန်းတခု ဆွဲမိုင်းမိပြီး အစိုးရတပ်ဖွဲ့ဝင် ၂ ဦး ဒဏ်ရာရသွားပါတယ်။ မူဆယ်မြို့ အနောက်ဘက် ၅ မိုင်အကွာ ဆိုက်ခေါင်ကျေးရွာအနီးမှာ ဖေဖော်ဝါရီလ ၁၈ ရက် ညနေ ၄ နာရီလောက်က ပေါက်ကွဲမှု ဖြစ်ပွားခဲ့တာလို့ မူဆယ်မြို့နယ်ရဲစခန်း တာဝန်ကျ ဒုရဲအုပ်တဦးက ဒီဗွီဘီကို ပြောပါတယ်။ အစိုးရတပ်ဖွဲ့ဝင် ဒဏ်ရာရသူ ၂ ဦးဟာ ပေါင်၊ နားထင် နဲ့ ပါးတွေမှာ ထိခိုက်သွားကြောင်း၊ ဒဏ်ရာပြင်းထန်မှု အခြေအနေတော့ မသိရဘဲ ဆေးရုံကို တင်ဆောင်သွားတယ်လို့ ဆိုပါတယ်။ နောက်ထပ်အချက်အလက်တွေကတော့ နယ်မြေရှင်းလင်းရေး ဆောင်ရွက်ပြီးမှ သိနိုင်မယ်လို့ မူဆယ်ရဲစခန်းက ပြောပါတယ်။

A d v e r t i s e m e n t With Us

More News
Up