ပြင်သစ်မှာ လူမျိုးရေးခွဲခြားတဲ့ သီချင်းတွေဆိုပြီး လူမည်းတဦးကို မြေအောက်ရထားပေါ် ပေးမတက်တဲ့ ပရိသတ်တွေကို အင်္ဂလန် ပရီးမီးယားလိဂ် ချဲလ်ဆီးအသင်းက ရှုတ်ချလိုက်ပါတယ်။
ဗြိတိန် ဂါးဒီးယန်း သတင်းစာက ရရှိခဲ့တဲ့ ဒီဗွီဒီယိုဖိုင်မှာ ချဲလ်ဆီးနဲ့ ပဲရစ်စိန့်ဂျာမိန်းအသင်း ချန်ပီယံလိဂ် မကစားခင်မှာ မြေအောက်ရထားပေါ်တက်ဖို့ ကြိုးစားတဲ့ လူမည်းတဦးကို ချဲလ်ဆီး ပရိသတ်တွေက တားဆီးခဲ့တာ ဖြစ်ပါတယ်။

ပရိသတ်တွေက “ကျနော်တို့ဟာ လူမျိုးရေး ၀ါဒီတွေ ဖြစ်တယ် ဒီလိုလုပ်ရတာကို ကြိုက်တယ်” လို့ ဟစ်ကြွေးနေစဉ်မှာ သူတို့ ရှေ့မှာ လူမည်း အမျိုးသမီးတဦးကလည်း ရပ်နေတာ ဖြစ်ပါတယ်။
ကလပ်အသင်းကတော့ ဒီအပြုအမှုတွေဟာ စက်ဆုပ်ဖွယ်ရာကောင်းသလို ဘောလုံးနဲ့ လူ့အဖွဲ့အစည်းအတွင်းမှာ နေရာမရှိသလို ပါဝင်တဲ့သူတွေကို ဒုစရိုက်မှုနဲ့ အရေးယူတာကို အားပေးတယ်လို့ ပြောပါတယ်။
ဗွီဒီယိုဖိုင်ကို ရိုက်ယူခဲ့သူကတော့ တံခါးတွေပွင့်နေတာကိုတွေ့ရသလို အော်ဟစ်ကြွေးကြော်သံတွေ ကြားခဲ့ရတဲ့အကြောင်းနဲ့ ရန်လိုတဲ့ အပြုအမှုတွေကြောင့် ဖုန်းကို ထုတ်ရိုက်ယူခဲ့တာလို့ ပြောပါတယ်။
ဒီဗွီဒီယိုဖိုင်အတွက် ဥရောပ ဘောလုံးအဖွဲ့ချုပ်ကလည်း အရေးယူဆောင်ရွက်ဖို့ စုံစမ်းမှုတွေ လုပ်နေတယ်လို့ ဆိုပါတယ်။