A d v e r t i s e m e n t With Us

ရန်ကုန်အလုပ်သမားဆန္ဒပြမှု တိုင်းဒေသကြီးအစိုးရ သတိပေး

ရန်ကုန်တိုင်းဒေသကြီးအစိုးရက လုပ်ခလစာတိုမြင့်ရေး အလုပ်သမား ဆန္ဒပြမှုတွေအတွင်း ဆောင်ရွက်ချက်တွေနဲ့ပတ်သက်လို့  ဥပဒေအရ အရေးယူမယ်လို့ သတိပေး ချက်ထုတ် ပြန်ပါတယ်။ ရန်ကုန်၊ ရွှေပြည်သာနဲ့ လှိုင်သာယာ စက်မှုဇုန်ရှိ စက်ရုံတချို့က အလုပ်သမားဆန္ဒပြပွဲတွေကို ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးမြင့်ဆွေကိုယ်တိုင် မနေ့က ကြားဝင်ညှိနှိုင်းပြီး နာရီပိုင်းအကြာ မှာ ထုတ်ပြန်ခဲ့တာပါ။ ဒီသတင်းထုတ်ပြန်ချက်မှာ ရပ်ရွာအေးချမ်းသာယာရေးနဲ့ တရားဥပဒေစိုးမိုးရေးကို ထိခိုက် ပျက်ပြားစေဖို့ ဆောင်ရွက်သူတွေကို အလုပ်ရှင်၊ အလုပ်သမား မခွဲခြားဘဲ တည်ဆဲဥပဒေတွေနဲ့အညီ အရေးယူ ဆောင်ရွက်မယ်လို့ ဆိုပါတယ်။ ဆန္ဒပြအလုပ်သမားတွေဟာ ၀င်ထွက်မရအောင် စက်ရုံတွေကို ပိတ်ဆို့တာ၊ အလုပ်ဝင် ရောက်လုပ်ကိုင်သူတွေကို ဟန့်တားတာ၊ စက်ရုံပိုင်ရှင်နဲ့အဖွဲ့တွေကို စက်ရုံအတွင်း ပိတ်ဆို့တာ၊ Container ယာဉ်အ၀င်အထွက်ကို ပိတ်ဆို့တားဆီးတာတွေ လုပ်ဆောင်ကြတယ်လို့ ဆိုပါတယ်။ Ford Glory Garment, Costec International, E,land Myanmar Garment နဲ့  Han jen အထည်ချုပ်စက်ရုံတွေ အလုပ်သမားတွေဟာ အခြေခံလစာ ၃ သောင်းကနေ ၆ သောင်းအထိ တိုးမြှင့်ပေးဖို့၊ အမြဲတမ်း ဝန်ထမ်းနဲ့ နေ့စားဝန်ထမ်းတွေကို အကျိုးခံစားခွင့်တန်းတူရရှိရေး၊ နှစ်ပြည့်လုပ်သားတွေကို နှစ်တိုးကြေး (နှစ်ပြည့်ကြေး) ပေးအပ်ဖို့နဲ့ လုပ်ငန်းခွင်စည်းကမ်းတွေကို အလုပ်သမားသမဂ္ဂနဲ့ ညှိနှိုင်းရေးဆွဲဖို့ စတဲ့အချက်တွေတောင်းဆိုပြီး လွန်ခဲ့တဲ့သီတင်းနှစ်ပတ်ခန့်က စတင်ဆန္ဒပြနေကြပါတယ်။ အလုပ်သမားရေးရာဝန်ကြီး ဦးဇော်အေးမောင် ဦးဆောင်တဲ့ အလုပ်သမားရေးရာညှိနှိုင်းရေး အဖွဲ့ဟာ  အလုပ်သမားသပိတ်ခေါင်းဆောင်တွေနဲ့  ဒီကနေ့ ဆက်ဆွေးနွေးကြပြီး လစားတိုးမြှင့်ရေး ကို အထိုက်အလျောက်လိုက်လျောခဲ့ပါတယ်။ ဒီကနေ့ဆွေးနွေးရာမှာ အခြေခံလစာ ၃ သောင်း တိုးမြှင့်ရေးမှာ ၁၂၀၀၀ အထိ တိုးပေးဖို့ လိုက်လျောလာတယ်လို့ အလုပ်သမားခေါင်းဆောင် ကိုမျိုးမင်းမင်းက ပြောပါတယ်။ တခြားတောင်း ဆိုချက်တွေကိုတော့ မလိုက်လျောဘဲ မနက်ဖြန်ကစ အရေးယူမယ်ဆိုပြီး သတိပေးတယ်လို့  ပြောပါတယ်။ “အလုပ်သမားဝန်ကြီး (ဦးဇော်အေးမောင်) နဲ့ တွေ့တဲ့အချိန်မှာ ရတာတခုက ဘာလဲဆိုတော့ အလုပ်သမားတွေဘက်က တောင်းဆိုထားတဲ့ ၃ သောင်းကို ၁ သောင်း ၂ ထောင်ပေးမယ်ပေါ့။ ကျန်တဲ့ကိစ္စကို ဘာတခုမှမပေးဘူး။ အဲဒါကို ဘယ်နှကြိမ် ဆွေးနွေးဆွေးနွေး ဒီစကားပဲ ထွက်လာ တယ်။ မနေ့က ထုတ်ပြန်တဲ့ အစိုးရရုံးဘက် သဘောထားထုတ်ပြန်ချက်ပေါ့လေ။ မနက်ဖြန်ကစပြီး Action စယူမယ်။ ကျနော်တို့ ပိတ်ဆို့မှုတွေကို ဥပဒေအရ လုပ်ဆောင်သွားမယ်လို့ ပြောပါတယ်။” အလုပ်သမားတွေဘက်ကလည်း သူတို့တောင်းဆိုချက်တွေမရတဲ့အတွက် ဒီထက်ပိုမိုပြင်း ထန်တဲ့ သပိတ်စစ်ကြောင်းတွေ ထွက်မယ်လို့ ပြောပါတယ်။ ဆန္ဒပြတဲ့ Costec စက်ရုံက အလုပ်သမားခေါင်းဆောင် မစုက “ကျမတို့ကတော့ ဆက် တိုက်မှာ။ ကျမတို့က ဆန္ဒပြတောင်းဆိုနေတာမဟုတ်ဘူး သပိတ်မှောက်နေတာ။ ရှင်းရှင်း ပြောရရင် အစိုးရက အခြေခံလုပ်ခလစာကို ပြဋ္ဌာန်းထားခြင်း မရှိသရွေ့ ကျမတို့ အလုပ်သမားတွေ ဒီလိုပဲဖြစ်နေဦးမှာပဲ” လို့ ပြောပါတယ်။ အခြေခံလုပ်ခလစာပြဋ္ဌာန်းနိုင်ဖို့အတွက် အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား ကိုယ်စားလှယ်တွေ ဟာ နိုင်ငံတ၀န်းက မြို့နယ် ၁၀၀ ကျော်မှာ ကွင်းဆင်းစစ်တမ်းကောက်နေပြီး ဒီနှစ် အောက်တိုဘာလ လောက်မှာ အနိမ့်ဆုံးလုပ်ခလစာတရပ်ကို ပြဋ္ဌာန်းနိုင်ဖွယ်ရှိတယ်လို့ အစိုးရတာဝန်ရှိသူက ထုတ်ဖော်ပြောဆိုထားပါ တယ်။ မနေ့က ဆန္ဒပြနေကြစဉ်- ဓာတ်ပုံ အိမမမွန် [gallery ids="82269,82270,82271,82272,82273"]

A d v e r t i s e m e n t With Us

More News
Up