A d v e r t i s e m e n t With Us

အမျိုးသားပြန်လည်သင့်မြတ်ရေး လုပ်ဆောင်ရန် မလိုဟု ထိုင်းဝန်ကြီးချုပ်ပြော

ဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာ (ဓာတ်ပုံ - ဘန်ကောက်ပို့စ်)
အမျိုးသား ပြန်လည်သင့်မြတ်ရေး ရရှိဖို့အတွက် အုပ်စုတခု ဒါမှမဟုတ် တစုံတဦးနဲ့မှ စကားပြောသွားမှာ မဟုတ်ဘူးလို့ ထိုင်းနိုင်ငံ ၀န်ကြီးချုပ် ပရာယွတ်ချန်အိုချာက ပြောပါတယ်။ “သူတို့ရဲ့ ရန်သူမဟုတ်တဲ့အတွက် ဘာလို့ အမျိုးသား ပြန်လည်သင့်မြတ်ရေးကို လုပ်ရမှာလဲ” လို့ ပရာယွတ်က ဖေဖော်ဝါရီ ၁၇ ရက်က သတင်းထောက်တွေကို ပြောပါတယ်။ အမျိုးသားပြန်လည် သင့်မြတ်ရေး ဖြစ်စဉ်အတွက် ပါဝင်ပတ်သက်သူ မဖြစ်နိုင်ဘဲ တိုင်းပြည်ရဲ့ တာဝန်ရှိတဲ့သူသာဖြစ်တဲ့အတွက် ထိုင်းပြဿနာတွေကို ကူညီ ဖြေရှင်းဖို့ အုပ်ချုပ်ရေး အဖွဲ့အတွင်းက သူ့ရဲ့ တာဝန်တွေကိုတာ အကောင်ထည်ဖော်သွားမယ်လို့ သူက ပြောပါတယ်။ အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် အားလုံးက အကြံပြုနိုင်ပေမယ့် ပဋိပက္ခ ရုန်းရင်း ဆန်ခတ်မှုတွေ မဖန်တီးဖို့လိုသလို သူ့ကို ဆွဲမထည့်ဖို့လည်း ပရာယွတ်က ပြောပါတယ်။ ဖေဖော်ဝါရီ ၁၅ ရက် အမျိုးသား ပြုပြင်ပြောင်းလဲရေးကောင်စီအဖွဲ့ဝင်က ၀န်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ်နဲ့ တွေ့ဆုံ စကားပြောဆိုဖို့ အဆိုပြုခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် စွဲဆိုခံတားရတဲ့သူတွေကိုလည်း တရားရုံး ဆုံးဖြတ်ချက်ကို လက်ခံဖို့ ပရာယွတ်က တိုက်တွန်းလိုက်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up